သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်၊ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၁၀.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ရွှေညို(၇)လမ်း၊ ဆန်တန်းရပ်ကွက်ရှိ ပဲကြွပ်ကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ စစ်ကိုင်းမြို့၊ ရေခါးကျေးရွာ၌ အမှတ်(၃) ဇွန်ဆေးဝါးစက်ရုံရှိ ဝန်ထမ်းများအား ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၈ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများဆွေးနွေးဟာပြောခဲ့ရာ အမှတ်(၃) ဇွန်ဆေးဝါးစက်ရုံမှ ဝန်ထမ်း (၃၂) ဦးတက်ရောက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “KKH” စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့် သွားရောက

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၉.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အားသာချက်/အားနည်းချက်များအကြောင်း Talk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

အောက်တိုဘာလ ၁၀ ရက်နေ့၊နေ့လယ်(၁၃:၀၀) အချိန်တွင် ဟင်္သာတမြို့ ၊ တာငါးဆယ်(မ)ရပ်ကွက်၊ ဈေးကလေးလမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးတွင် ဟင်္သာတမြို့ နယ်အတွင်းရှိ ဆန်ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဆန်ရောင်းချမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
