သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
21 Jul 2025
တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မ(၂)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ယင်း ကျောင်း၌ ကျင်းပ ပြုလုပ်ပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် သည်ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျောင်းရှစ်ဆယ်ကျေးရွာ ခပေါင်းဈေးနှင့် ဈေးပြင်ပ ကုန်စုံဆိုင်များတွင် စားသုံးဆီရောင်းချမှုအခြေအနေများကို ဈေးကွက် စောင့်ကြည့်စစ်ဆေးပြီး စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်သည် ခရိုင်ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ အုတ်တွင်းမြို့နယ်တာဝန်ခံတို့နှင့် အတူ ဇူလိုင်လ ၃ ရက်နေ့၊ နေ့လယ်ပိုင်းက တောင်ငူခရိုင်၊ အုတ်တွင်းမြို့ရှိ ဟိဏ်းကမ္ဘာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်၍ မြေပြင်အခြေအနေများကို စစ်ဆေး ကြည့်ရှုပြီး လုပ်ငန်းရှင် နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် တောင်နန်ချွန်ကျေးရွာရှိ ရွှေပြည်သစ် မုန့်ဖတ် ခြောက်လုပ်ငန်းသို့ သွားရောက်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများအား အသိပညာပေး ဟောပြောခြင်းများကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့ ဈေးရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကသစ်တန်း အခြေခံပညာမူလတန်းလွန် ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

