သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Oct 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူတို့အနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်း ရှင်းစွာသုံးစွဲနိုင်စေရေး ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများက (၁၁.၁၀.၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်တွင်ရောင်းချသော

24 Oct 2024

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ မြို့မဈေး၊ ဈေးတာဝန်ခံရုံး၌ မုန့်မျိုးစုံလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

24 Oct 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသည့်ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

24 Oct 2024

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရေလဲလမ်းရှိ ပြည်ဖြို့ကြွယ်ဆန်စက်သို့ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးဏီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက (၁၄.၁၀.၂၀၂၄)ရက်နေ့ ၊နံနက် (၀၉:၃၀) အချိန်က ဆန်စက်လုပ်ငန်းလည်ပတ်ပုံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

24 Oct 2024

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးရောင်းချနေမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

Pages