သတင်းနှင့် လှုပ်ရှားမှုများ
ကုန်ဈေးနှုန်းကောက်ယူမှု လုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ထူးမြတ်အိ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်း (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်း (၂)ဦး ဗဟိုစာရင်းအင်းအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ တိုင်းဦးစီးမှူး ဒေါ်တင်တင်လှနှင့် ဝန်ထမ်း (၂)ဦးတို့ ပူ

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများကို လစဉ်ကွင်းဆင်းစစ်ဆေးမှုကို စတိုးများ၊ shopping mall များ၊ martနှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဆန်စပါးစိုက်ပျိူး၊ထုတ်လုပ်သူများအသင်း၏ အလုပ်အမှုဆောင်ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၃ရက် ၊နေ့လယ် (၁၄:၀၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ၊ ကျောက်ဆည်၊မိတ္ထီလာခရိုင်များမှ ဆန်စပါးစိုက်ပျိုး၊ထုတ်လုပ်သူများအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

(၁၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၉)နာရီအချိန် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ အကောက်ခွန် ဦးစီးဌာန(ရုံးချုပ်)၊ ဇေယျာသီဟအစည်းအဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း နယ်မြေ၊ သီလဝါဆိပ်ကမ်းနယ်မြေနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ ပါသည်။

ဆောင်းသီးနှံအနေဖြင့် နေကြာကို တိုက်ကြီးမြို့နယ် ဂေါ့ကျေးရွာအုပ်စု တန်ခူဆိပ် ကျေးရွာရှိ တောင်သူဦးချစ်မြိုင်၏ မြေယာတွင် ဆောင်းသီးနှံနေကြာကို (၁၅)ဧက စိုက်ပျိုးလျာထားလျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ၁၁.၁၂.၂၀၂၄ ရက်နေ့တွင် (၅)ဧက စတင်စိုက်ပျိုးနေကြောင်း နေကြာဆီသည် အခြားသောဆီအမျိုးအစားများထက် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသော ဆီအမျိုးအစားတစ်မျိုးဖြစ်ပါသည်။ နေကြာသီးနှံသည် ပြည်တွင်းစားသုံးမှုဖူလှုံရန်အတွက် တိုးချဲ့ လုပ်ဆောင်သင့်သော သီးနှံအမျိုးအစား တစ်မျိုး ဖြ
