သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့နယ်၊ နောင်ကုန်အုပ်စု၊ ကျိုင်းလိတ်ကျေးရွာအတွင်းရှိ ဆန်စက်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံမှုရရှိစေရန် ဆောင်းနေကြာ စိုက်ပျိုးမှုအနေဖြင့် (၃)နှစ် စီမံကိန်းဖော်ဆောင်ထားရှိပြီး ယခုချိန်တွင် (၅၀၀)ဧက ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

(၁၇.၁၂.၂၀၂၄) ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရော မြို့နယ်တာဝန်ခံသည် ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

၁၆.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရော မြို့နယ်၊ ပိန်းနဲကုန်ကျေးရွာ၊ အောင်မင်္ဂလာစျေးအတွင်းရှိကုန်စုံဆိုင်များတွင် ဆပ်ပြာရည်နှင့် ဆပ်ပြာခဲ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၁၇.၁၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီး များအား ဆန်ဈေးနူန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းဆောင
