ကုန်စည်ဒိုင်သတင်းနှင့် ဈေးနှုန်းများ

Powered by Drupal

လှိုင်မြို့နယ်၊ ရွှေပိတောက်ငါးဈေးအတွင်းရှိ ငါးဈေးနှုန်းများ

  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၂၂.၄.၂၀၂၅) တွင် ဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်း တစ်ပိဿာ အနိမ့်ဆုံး ၅၅၀၀ မှ အမြင့်ဆုံး ၉၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ မှ ၁၃၀၀၀ ကျပ်၊ ငါးသလောက် တစ်ပိဿာ ၁၈၀၀၀ မှ ၇၅၀၀၀ ကျပ်၊ ငါးခေါင်းပွ တစ်ပိဿာ ၇၀၀၀ မှ ၉၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာ ၈၅၀၀ မှ ၂၁၀၀၀ ကျပ်၊ ကကတစ် တစ်ပိဿာ ၁၂၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးနုသန်း တစ်ပိဿာ ၁၅၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးခူ တစ်ပိဿာ ၆၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ငါးကျည်း တစ်ပိဿာ ၁၂၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးဖီးမ တစ်ပိဿာ ၅၀၀၀ မှ ၉၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာ ၁၀၅၀၀ မှ ၂၂၀၀၀ ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာ ၄၀၀၀ မှ ၈၅၀၀၀ ကျပ်၊ ငါးခုံးမ တစ်ပိဿာ ၃၀၀၀ မှ ၆၀၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာ ၁၁၀၀၀ မှ ၂၃၀၀၀ ကျပ်၊ ငါးပုတ်သင် တစ်ပိဿာ ၈၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးပုဏ္ဏား တစ်ပိဿာ ၁၃၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ပုဇွန်(ကျော့) တစ်ပိဿာ ၁၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာ ၁၆၀၀၀ မှ ၅၇၀၀၀ ကျပ်၊ ငါးမျက်ကြယ် တစ်ပိဿာ ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ပီဇာ တစ်ပိဿာ ၆၅၀၀ မှ ၇၀၀၀ ကျပ်၊ ငါးနှပ်(အာပြဲခြောက်) တစ်ပိဿာ ၃၀၀၀ မှ ၅၀၀၀ ကျပ်၊ ကင်းမွန် တစ်ပိဿာ ၁၂၀၀၀ မှ ၃၅၀၀၀ ကျပ်၊ ပလာတူး တစ်ပိဿာ ၅၀၀၀ မှ ၉၀၀၀ ကျပ်၊ ရွှေငါး တစ်ပိသာ ၅၅၀၀ မှ ၈၀၀၀ ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာ ၁၅၀၀၀ မှ ၄၂၀၀၀ ကျပ်တို့ရှိကြောင်း ရွှေပိတောက် ငါးဈေးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

   ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီ များသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန် အခြေအနေများ အား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။ ဧပြီလ (၂၂) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသ များဖြစ်သည့် ဆိပ်ဖြူ၊ ၊ မြင်းခြံဒေသတို့မှ ကြက်သွန်နီ (၁၄၅၂၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၅၈၀၈၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၇၀၀ ၊ အကြီးမှာ ကျပ် ၁၈၀၀၊ ရှယ်မှာ ကျပ် ၁၈၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၄၀၀ ၊ အကြီးမှာ ကျပ် ၁၆၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀  ဈေးတို့ အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။

  ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ကြက်သွန်နီဈေးနှုန်း များမှာ ဈေးအနည်းငယ်ကျသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

   ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၉.၄.၂၀၂၅) မှ (၁၁.၄.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက်မှုစာရင်း များမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ကျားပျံ (၃၇၂၂) အိတ်၊ ပေါ်ဆန်းမွှေး (၆၇၃၄) အိတ်၊ ပေါ်ကျွဲ (၂၄၈၂) အိတ်၊ ဧည့်မထ (၄၈၈၁၈) အိတ်၊ ဆန်ကွဲ (၁၁၅၈၃) အိတ် ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၆၂၀၄) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၁၅၁၆၅) အိတ်၊ ငစိန် (၈၈၉) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ် ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များ မှ ဧည့်မထ (၁၂၉၄၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည် ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းများ မြင့်တက်လျက်ရှိ

  မိတ္ထီလာမြို့ဈေးကွက်အတွင်း ဧပြီလလဒုတိယပတ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီဘိလပ်မြေတစ်အိတ်လျှင် (၂၇၅၀၀)ကျပ်၊ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၂၇၅၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       ယခင်မတ်လဒုတိယပတ်တွင် ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီဘိလပ်မြေတစ်အိတ်လျှင် (၁၆၅၀၀)ကျပ်၊ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၁၅၀၀၀)ကျပ်၊ အယ်လ်ဖာ ဘိလပ်မြေ တစ်အိတ်လျှင် (၁၅၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ယခင်လနှင့်ယခုလနှိုင်းယှဉ်ကြည့်လျှင် အပါချီဘိလပ်မြေတစ်အိတ်လျှင် (၁၁၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် (၁၂၅၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ သဘာဝဘေးဖြစ်၍ ဘိလက်မြေ စက်ရုံများထိခိုက်မှုဖြစ်၍ စက်ရုံပြင်ဆင်မှုမျာ းဆောင်ရွက်နေသဖြင့် ဈေးကွက်လိုသလောက် ထုတ်လုပ် နိုင်မှုမရှိသေးခြင်းကြောင့်   ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်နည်းလာခြင်း၊ အချို့ပစ္စည်းများ ပြတ်လပ် မှုများရှိလာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(မန္တလေး)

ပန်းဂေါ်ဖီစိမ်းစျေးကွက်

  မန္တလေးကုန်စိမ်းစျေးကွက်သို့ ၂၀၂၅ ခုနှစ်ဧပြီလဒုတိယပတ်အတွင်း ပန်းဂေါ်ဖီစိမ်းများ ဝင်ရောက်မှုနည်းသွားသည့်အတွက် စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါတယ်။ မန္တလေးဒေသ ပတ်ဝန်းကျင်ဖြစ်သည့် အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်ဒေသများနှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်း မှာအရောင်းသွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက် စျေးပိုရ ကြောင်း သိရှိရပါတယ်။ ပန်းဂေါ်ဖီစိမ်းသည် ကယ်လ်လိုရီနည်းသည့် ဟင်းသီးဟင်းရွက်အမယ် တစ်မျိုး ဖြစ်ပြီး၊ အမျှင်ဓါတ်၊သတ္တုဓါတ်နှင့် ဗီတာမင်များနှင့် Antioxidants များကြွယ်ဝခြင်းတို့ ကြောင့်ကျန်းမာရေးအတွက်အကျိုးပြုသောဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ပန်းဂေါ်ဖီ ပွင့်စိမ်း မှာ မန္တလေးကုန်စိမ်း စျေးကွက်အတွင်း ၂၀၂၅ ခုနှစ် ဧပြီလဒုတိယပတ်အတွင်း ပန်း‌ဂေါ်ဖီပွင့် စိမ်းလက္ကားစျေးမှာ တစ်ခုလျှင်  ၁၃၀ဝိ/-နှင့် ၁၅၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၇၀ဝိ/- နှင့် ၂၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ပန်းဂေါ်ဖီစိမ်းများမှာ အရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုများရှိပြီး၊ အရောင်းသွက်လျှက်ရှိသည့်ဟင်းသီးဟင်းရွက် အမယ်တစ်မျိုး ဖြစ်ကြောင်း သိရှိရပါတယ်။ မန္တလေးကုန်စိမ်းရောင်းချသည့်သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီစိမ်း ကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Canter () ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။

DOCA(မန္တလေး)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၇.၁၂.၂၀၂၄) မှ (၁.၁.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက်မှုစာရင်း များမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၂၇၄၈၃) အိတ်၊ ပေါ်ကျွဲ (၇၆၉၆) အိတ်၊ ဧည့်မထ (၇၄၁၅၃) အိတ်၊ ဆန်ကွဲ (၁၉၂၀၅) အိတ် ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၆၇၀၅) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၀၆၈၀) အိတ်၊ ငစိန် (၁၂၈၀) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ် ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များ မှ ဧည့်မထ (၁၇၆၀၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည် ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

  ၂.၁.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ အများဆုံး ကျပ် ၇၂၀၀၊ ညောင်ဦးဆေးရှယ်  ကျပ်  ၇၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော) အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၅၁၀၀၊ ပခုက္ကူကြမ်း ကျပ်  ၇၂၀၀၊ ၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀ မှ အများဆုံး ကျပ် ၈၅၀၀ ၊ ကြံသကာ(ရှမ်း) အနိမ့်ဆုံးဈေး  ကျပ် ၃၀၀၀ မှ အများဆုံး ကျပ် ၃၁၀၀၊ ကြံသကာ(သကြားရော) ကျပ် ၅၆၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် အနိမ့်ဆုံးဈေး ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀ ၊ မန်းကျည်းသီး အသား အနိမ့်ဆုံးဈေး ကျပ် ၉၅၀၀ မှ ကျပ် ၁၃၀၀၀ ၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၈၀၀ မှ ကျပ် ၅၁၀၀ တို့အသီးသီး ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

   ၂.၁.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်း များ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၄၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၀၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၀၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၇၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက် များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက် သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၄၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၇၅၀၀၀ ၊ ငါးရံ့ခြောက်လတ်ကျပ် ၆၀၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၅၀၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက်ကြီး(ရှယ်) ကျပ် ၃၅၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၀၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၇၀၀၀  ဈေးတို့အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီ များသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်း အတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရ လည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရ လည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။ ဒီဇင်ဘာလ (၂၃) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများ ဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၆၂၄၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၄၉၆၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၇၀၀ ၊ အကြီးမှာ ကျပ် ၃၅၆၀၀၊ ရှယ်မှာ ကျပ် ၄၂၀၀၊  မြင်းခြံ ကြက်သွန်နီ (အသစ်) အသန့်မှာ တစ်ပိဿာ ကျပ် ၃၂၀၀ ၊ အကြီးမှာ ကျပ် ၄၀၀၀၊ ရှယ်မှာ ကျပ် ၄၂၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၀၀၀ ၊ အကြီးမှာ ကျပ် ၄၀၀၀၊ ရှယ်မှာ ကျပ် ၄၂၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရ ပါသည်။

ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ကြက်သွန် ဈေးနှုန်းများမှာ ဈေးအတက်/အကျအနည်းငယ်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

၂.၁.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ တစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်းထူး-၂ ကျပ် ၁၁၅၀၀၊  အောင်ပန်းထူး-၃ ကျပ် ၁၃၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၄၀၀၀၊ အောင်ပန်းထူး-၅ ကျပ် ၁၅၀၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(ဟောင်း) ရှယ် ကျပ် ၄၂၀၀ ၊ ဆိပ်ဖြူ(ဟောင်း)လတ်ကြီး ကျပ်  ၃၃၀၀ ၊  ဆိပ်ဖြူ(ဟောင်း)လတ်သန့် ကျပ် ၂၆၀၀၊ ဆိပ်ဖြူ(ဟောင်း) လတ်ချော ကျပ် ၂၀၀၀၊  မြင်းခြံ(သစ်) (ရှယ်)ကျပ် ၃၈၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၃၆၀၀ ၊  မြင်းခြံ(သစ်) လတ်သန့်  ကျပ် ၃၁၀၀ ၊ ၊  မြင်းခြံ(သစ်) လတ်ချော  ကျပ် ၁၉၀၀ ၊ မြစ်သား(သစ်) ရှယ် ကျပ် ၄၅၀၀၊ မြစ်သား(သစ်) လတ်ကြီး ကျပ် ၄၆၀၀၊ မြစ်သား(သစ်) လတ်သန့် ကျပ် ၄၅၀၀၊  ပခုက္ကူ(သစ်) ရှယ် ကျပ် ၃၆၀၀၊ ပခုက္ကူ(သစ်)) လတ်ကြီး ကျပ် ၃၄၀၀၊ ပခုက္ကူ(သစ်) လတ်သန့် ကျပ် ၂၇၀၀၊ ပခုက္ကူ(သစ်) လတ်ချော ကျပ် ၁၇၀၀၊ ပခုက္ကူ(ဟောင်း) လတ်ကြီး ကျပ် ၂၅၀၀၊ ပခုက္ကူ(ဟောင်း) လတ်သန့် ကျပ် ၂၀၀၀၊ ပခုက္ကူ(ဟောင်း) လတ်ချော ကျပ် ၁၄၀၀၊ တရုတ်အာလူး ကျပ် ၅၀၀၀ ဈေးတို့ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှစုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ကုန်စည်ဒိုင်သတင်းနှင့် ဈေးနှုန်းများ