ကုန်စည်ဒိုင်သတင်းနှင့် ဈေးနှုန်းများ

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးပတ်နှင့်ငါးပေါက်စ ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ငါးပတ် ဈေးနှုန်းများ အနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာ လျှင် (၁၃၀၀၀)ကျပ်၊ ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများ အနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ် ချေး ဖောက်ပြီး)တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

Doca(စစ်ကိုင်း)

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ အားလူးနှင့် ခရမ်းသီး ဈေးနှုန်းများ

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် စားဖိုဆောင်သီးနှံ များ၏ ဈေးနှုူန်းများအနေဖြင့်  ခရမ်းချဉ်သီး ထိုင်ဝမ်အလုံးကြီး (၁)ပိဿာ လျှင် ၃၅၀၀ ကျပ်နှင့် အလုံးသေး တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ မေလ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေး တွင်ရောင်းချနေသော အာလူးသီးဈေးနှုန်းများမှာ အလုံးကြီး(၁)ပိဿာလျှင် ၅၀၀၀ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် ၄၈၀၀ကျပ်ဖြင့်ရောင်းချကြောင်း ၊ ခရမ်းသီး တစ်ပိဿာလျှင် လက်ကားဈေး(၂၃၀၀)ကျပ်နှုန်း၊ လက်လီဈေး (၂၄၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၂၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရုံးပတီသီး ဈေးနှုန်းများအနေဖြင့်  (၅၀)ကျပ် သားလျှင် (၂၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရသည်။      

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးရှိ ကြက်သား၊ ကြက်ဥနှင့် ဘဲဥဈေးနှုန်းများ

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း  သစ်ရာမြိုင်ဈေး၌ ရောင်းချနေသော ကြက်သားဈေးနှုန်း များမှာ ဒေသကြက်(၁)ပိဿာလျှင် ၃၅၀၀၀ကျပ်၊ CPကြက် သား(၁)ပိဿာလျှင် ၂၃၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ကြက်ဥ၊ဘဲဥဈေးနှုန်းများမှာ ကြက်ဥအလုံးကြီး(၁)လုံးလျှင် ၅၅၀ကျပ်၊ အလုံးသေး (၁) လုံးလျှင် ၅၀၀ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၇၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများ

   ကျွန်းလှမြို့နယ်ရှိ ပိတောက်မြိုင်ဈေး၌ ယခု ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထပတ်တွင် ကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ် (၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ် ၊ အလတ်စ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် ၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ် ၊(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်း အသီးသီးဖြင့်လည်းကောင်း၊ ခရမ်းသီးဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်) တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် မန်ကျည်းသီးမှည့်(အစေ့ပါ)တစ်ပိဿာ လျှင်(၂၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲတီစိမ်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ပဲတီစိမ်းသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၁၁၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင်(၁၂၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ယခုပတ်အတွင်း ပဲတီစိမ်းဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့ နယ်မှထွက်ရှိသော ပဲတီစိမ်းများကို ကန့်ဘလူမြို့၊ မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော နေကြာသီးနှံဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် နေကြာ သီးနှံကို အဓိကစိုက်ပျိုးကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

   နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေ ဖြင့် မေလ တတိယပတ်အတွင်း နေကြာ(၁)တင်းလျှင် (၄၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသော ကြောင့် နေကြာ(၁)တင်းလျှင် (၂၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်း ရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးမြို့ပေါ်၏ မေလ၊ စတုတ္ထလအတွင်း ဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ကလေးမြို့ပေါ်တွင် မေလ စတုတ္ထအပတ်အတွင်း ဈေးနှုန်းများအနေဖြင့် ဧည့်မထဆန် သစ် ( ၁ ) ပြည်လျင် ( ၃၂၀၀ ) ကျပ်၊ ပဲဆီ ( ၁ ) ပိဿာလျင် ( ၁၉၅၀၀ ) ကျပ်၊ နှမ်းဆီ ( ၁ ) ပိဿာလျင် ( ၁၇၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁ ) ပိဿာလျင် ( ၁၈၅၀၀ ) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျင် ( ၁၄၃၀၀ ) ကျပ်၊ ငရုတ်ခြော်က် ( ၁ ) ပိဿာလျင် ( ၂၂၀၀၀ ) ကျပ်၊ ကြက်သွန်နီ ( မုံရွာ ) ( ၁ ) ပိဿာလျင် ( ၃၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ရှမ်း ) ( ၁ ) ပိဿာလျင် ( ၁၂၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ် ) ( ၁ ) ပိဿာလျင် ) ( ၂၂၀၀၀ ) ကျပ်၊ နနွင်းတက် ( ၁ ) ပိဿာလျင် ( ၁၀၀၀၀ ) ကျပ်၊ ချင်း ( ၁ ) ပိဿာလျင် ( ၆၀၀၀ ) ကျပ်၊ ဆား ( ၁ ) ပိဿာလျင် ( ၂၂၀၀ ) ကျပ်၊ မြေပဲ ( ၁ ) ပြည်လျင် ( ၁၂၀၀၀ ) ကျပ်၊ မန်ကျည်းသီး ( ၁ ) ပိဿာလျင် ( ၆၀၀၀ ) ကျပ်၊ အာလူး ( ၁ ) ပိဿာလျင် ( ၆၀၀၀ ) ကျပ်၊ သကြား ( ၁ ) ပိဿာလျင် ( ၆၅၀၀ ) ကျပ်၊ ကြက်သား ( ၁ ) ပိဿာလျင် ( ၃၀၀၀၀ ) ကျပ်၊ ဝက်သား ( ၁ ) ပိဿာလျင် ( ၄၀၀၀၀ ) ကျပ်၊ အမဲသား ( ၁ ) ပိဿာလျင် ( ၂၉၀၀၀ ) ကျပ်၊ ဆိတ်သား ( ၁ ) ပိဿာလျင် ( ၄၈၀၀၀ ) ကျပ်၊ ငါးမြစ်ချင်း ( ၁ ) ပိဿာလျင် ( ၁၆၀၀၀ ) ကျပ်၊ ငါးကြင်း ( ၁ ) ပိဿာလျင် ( ၂၄၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။

      ယခုလအတွင်းတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ထူးခြားမြှင့်တက်မှုများ အနေဖြင့် ပဲဆီ ( ၁ ) ပိဿာလျင် ( ၁၅၀၀ ) ကျပ်၊ နေကြာဆီ ( ၁ ) ပိဿာလျင် ( ၅၀၀ ) ကျပ်၊ စားအုန်းဆီ ( ၁ ) ပိဿာလျင် ( ၃၀၀ ) ကျပ်၊ ဆား ( ၁ ) ပိဿာလျင် ( ၄၀၀ ) ကျပ်၊ မြေပဲ ( ၁ ) ပြည်လျင် ( ၂၀၀၀ ) ကျပ်၊ အမဲသား ( ၁ ) ပိဿာလျင် ( ၁၀၀၀ ) ကျပ် အနည်းငယ်ဈေးနှုန်း မြှင့်တက် ခဲ့ပြီး ငရုတ်ခြောက် ( ၁ ) ပိဿာလျင် ( ၇၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ရှမ်း ) ( ၁ ) ပိဿာလျင် ( ၄၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ် ) ( ၁ ) ပိဿာလျင် ( ၁၀၀၀ ) ကျပ် စသည်ဖြင့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးမြို့ပေါ်၏ မေလ၊ စတုတ္ထလအတွင်း ဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ကလေးမြို့ပေါ်တွင် မေလ စတုတ္ထအပတ်အတွင်း ဈေးနှုန်းများအနေဖြင့် ဧည့်မထဆန် သစ် ( ၁ ) ပြည်လျင် ( ၃၂၀၀ ) ကျပ်၊ ပဲဆီ ( ၁ ) ပိဿာလျင် ( ၁၉၅၀၀ ) ကျပ်၊ နှမ်းဆီ ( ၁ ) ပိဿာလျင် ( ၁၇၀၀၀ ) ကျပ်၊ နေကြာဆီ ( ၁ ) ပိဿာလျင် ( ၁၈၅၀၀ ) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျင် ( ၁၄၃၀၀ ) ကျပ်၊ ငရုတ်ခြော်က် ( ၁ ) ပိဿာလျင် ( ၂၂၀၀၀ ) ကျပ်၊ ကြက်သွန်နီ ( မုံရွာ ) ( ၁ ) ပိဿာလျင် ( ၃၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ရှမ်း ) ( ၁ ) ပိဿာလျင် ( ၁၂၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ် ) ( ၁ ) ပိဿာလျင် ) ( ၂၂၀၀၀ ) ကျပ်၊ နနွင်းတက် ( ၁ ) ပိဿာလျင် ( ၁၀၀၀၀ ) ကျပ်၊ ချင်း ( ၁ ) ပိဿာလျင် ( ၆၀၀၀ ) ကျပ်၊ ဆား ( ၁ ) ပိဿာလျင် ( ၂၂၀၀ ) ကျပ်၊ မြေပဲ ( ၁ ) ပြည်လျင် ( ၁၂၀၀၀ ) ကျပ်၊ မန်ကျည်းသီး ( ၁ ) ပိဿာလျင် ( ၆၀၀၀ ) ကျပ်၊ အာလူး ( ၁ ) ပိဿာလျင် ( ၆၀၀၀ ) ကျပ်၊ သကြား ( ၁ ) ပိဿာလျင် ( ၆၅၀၀ ) ကျပ်၊ ကြက်သား ( ၁ ) ပိဿာလျင် ( ၃၀၀၀၀ ) ကျပ်၊ ဝက်သား ( ၁ ) ပိဿာလျင် ( ၄၀၀၀၀ ) ကျပ်၊ အမဲသား ( ၁ ) ပိဿာလျင် ( ၂၉၀၀၀ ) ကျပ်၊ ဆိတ်သား ( ၁ ) ပိဿာလျင် ( ၄၈၀၀၀ ) ကျပ်၊ ငါးမြစ်ချင်း ( ၁ ) ပိဿာလျင် ( ၁၆၀၀၀ ) ကျပ်၊ ငါးကြင်း ( ၁ ) ပိဿာလျင် ( ၂၄၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်။

      ယခုလအတွင်းတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ထူးခြားမြှင့်တက်မှုများ အနေဖြင့် ပဲဆီ ( ၁ ) ပိဿာလျင် ( ၁၅၀၀ ) ကျပ်၊ နေကြာဆီ ( ၁ ) ပိဿာလျင် ( ၅၀၀ ) ကျပ်၊ စားအုန်းဆီ ( ၁ ) ပိဿာလျင် ( ၃၀၀ ) ကျပ်၊ ဆား ( ၁ ) ပိဿာလျင် ( ၄၀၀ ) ကျပ်၊ မြေပဲ ( ၁ ) ပြည်လျင် ( ၂၀၀၀ ) ကျပ်၊ အမဲသား ( ၁ ) ပိဿာလျင် ( ၁၀၀၀ ) ကျပ် အနည်းငယ်ဈေးနှုန်း မြှင့်တက် ခဲ့ပြီး ငရုတ်ခြောက် ( ၁ ) ပိဿာလျင် ( ၇၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ရှမ်း ) ( ၁ ) ပိဿာလျင် ( ၄၀၀၀ ) ကျပ်၊ ကြက်သွန်ဖြူ ( ကြူကုတ် ) ( ၁ ) ပိဿာလျင် ( ၁၀၀၀ ) ကျပ် စသည်ဖြင့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ပဲစဉ်းငုံ(နီ)ဈေးအနည်းငယ်အေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်း တို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ မေလ၊ ပထမအပတ်တွင်  အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ)များ စတင်ဝင်ရောက်ခဲ့ပြီး မေလ၊ ပထမအပတ်တွင်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ) တစ်တင်းလျှင်(၉၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ(၄၅၀၀)တင်း /(၁၄၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၉၀၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက်  ပဲစဉ်းငုံ(နီ)တစ်တင်းလျှင်(၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်း ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၂၈၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူအောက် ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၃၈၅၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်၌ ကုလားပဲ(V2)ဈေး အနည်းငယ်မြင့်တက်

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၅ခုနှစ်၊ မေလ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌

  ဧပြီလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ကုလားပဲ(V2)များ စတင်ဝင်ရောက်ခဲ့ပြီး မေလ၊ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ကုလားပဲ(V2)တစ်တင်းလျှင်(၇၇၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/(၅၆)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲ(V2)တစ်တင်းလျှင်(၇၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ကုလားပဲ(V2)တစ်တင်းလျှင်(၈၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊  ယခင်နှစ် ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ ကုလားပဲ(V2) တစ်တင်းလျှင်(၇၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူအောက် ကုလားပဲ(V2)တစ်တင်းလျှင် (၂၂၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်းနှင့်  ဝင်ရောက်သမျှ ပုံမှန်အရောင်း အဝယ်ဖြစ်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ကုန်စည်ဒိုင်သတင်းနှင့် ဈေးနှုန်းများ