Languages

မြိတ်မြို့ပေါ်ရှိအအေးဆိုင်များအားကွင်းဆင်းစစ်ဆေး

Powered by Drupal

၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့် သက်ဆိုင်ရာဌာနတို့ ပူးပေါင်း၍ မြိတ်မြို့ပေါ်ရှိ အအေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   မြိတ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသည့် အအေးဆိုင်များတွင် သုံးစွဲလျက်ရှိသော ရေခဲများ သည် သန့်ရှင်းသော ရေသန့်ရေခဲများ သုံးစွဲခြင်း ရှိ/မရှိ နှင့်ရေသန့်ရေခဲအစား လုပ်ငန်းသုံးရေခဲများ သုံးစွဲခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ သောက်သုံးမည့်အအေးများတွင် ရေသန့် ရေခဲကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း၊ လုပ်ငန်းသုံးရေခဲကို အသုံးပြုခွင့်မရှိကြောင်းနှင့် အအေး ရောင်းချရာတွင် စားသုံးသူများ ဘေးဥပါဒ်မဖြစ်စေရေး ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း အသိ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန