
မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသတွင် မြေပဲနှင့် နှမ်းကို အများအပြားစိုက်ပျိုးကြသည်။ အညာဒေသ၌ ဆောင်းဦးကာလတွင် ထွက်ပေါ်လေ့ရှိသော ရာသီပေါ် မြေပဲအစိုများကို အဆာပြေပြုတ်၍ စားသုံးကြသည်။ မြေပဲတွင်တန်ဖိုးရှိသော အာဟာရများ ဖြစ်သည့် ပရိုတင်းဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်နှင့် ဗီတာမင် သတ္တုဓာတ် စသည်တို့ပါဝင်သဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိကြောင်းသိရှိရသည်။ ဗီတာမင်အီးနှင့် မဂ္ဂနီဆီယမ် ပါဝင်သောကြောင့် နှလုံးနှင့် အာရုံကြောစနစ် အားဖြည့်ပေး၍ ကိုလက်စထရောကိုလျော့ချပေးသလို သွေးတွင်သကြားဓာတ်ကို ထိန်းချုပ်ပေးကြောင်း၊ အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်ကြွယ်ဝသဖြင့် ဗိုက်ပြည့်စေပြီးကိုယ်အလေးချိန် ထိန်းချုပ်ရာမှာ အထောက်အကူပြုသည်။ မြေပဲပြုပ်ကို စားသုံးခြင်း ဖြင့် ဆီးချိုရောဂါဖြစ်ပွားနိုင် ခြေကို လျော့ချပေး၍ နှလုံးသွေးကြောကိုအားဖြည့်ပေးပြီး နှလုံးနှင့် သွေးကြောစနစ်ကိုကျန်းမာ၍ ဆဲပျက်စီးမှုကို ကာကွယ်ပေးသလို အိုမင်းရင့်ရော်မှုကို နှေးကွေးစေ သည်။ သည်းခြေအိတ်အတွင်း ကျောက်တည်ခြင်း ကိုလျှော့ချပေးကြောင်း၊ မြေပဲတွင်အဆီနှင့် ကယ်လိုရီမြင့်မားစွာ ပါဝင်သော ကြောင့် သင့်တင့်သောပမာဏကိုသာ ထိန်းချုပ်စားသုံးသင့်ကြောင်း၊ အာဖလာတော့စင် မှိုဆိပ်ကင်းသော သန့်ရှင်းလတ်ဆတ်သည့် မြေပဲအစိုများကို ရွေးချယ်ဝယ်ယူစားသုံးခြင်းဖြင့် မှိုဆိပ်သင့်ခြင်းကြောင့် ဖြစ်ပွားသော ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့ချပေး ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
