"ဆောင်းသီးနှံ ကြက်သွန်ဖြူမှ အောင်မြင်မှုရရှိစေမည့် စိုက်ပျိုးရေးအတတ်ပညာ"

Powered by Drupal

                  စိုက်ပျိုးရေးကဏ္ဍတွင် ကြက်သွန်ဖြူသည် ပြည်တွင်းစားသုံးမှုမြင့်မားရုံသာမက စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရန် အလားအလာကောင်းသော သီးနှံတစ်ခုဖြစ်သည်။ ကြက်သွန်ဖြူသည် မြန်မာ့မီးဖိုချောင်တွင် နေ့စဉ်မရှိမဖြစ်အသုံးပြုရသော ဟင်းခတ်အမွှေးအကြိုင်ဖြစ်သဖြင့် ပြည်တွင်း ဈေးကွက် ခိုင်မာမှုရှိသည်။ ထို့ပြင် ဆေးဝါးနှင့် အလှကုန်လုပ်ငန်းများတွင်လည်း အသုံးပြုမှု တိုးတက်လာသဖြင့် ဝယ်လိုအား အမြဲရှိနေသော သီးနှံဖြစ်သည်။ စနစ်တကျ စိုက်ပျိုးနိုင်ပါက အခြားသီးနှံများထက် ပိုမိုမြင့်မားသော အကျိုးအမြတ်ကို ရရှိနိုင်ပြီး တောင်သူများအတွက် အပိုဝင်ငွေရရှိစေသော အဓိကသီးနှံဖြစ်သည်။

           စီးပွားဖြစ်စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ရန် အရေးကြီးသည်။ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများသည် ကြက်သွန်ဖြူ အဓိကထွက်ရှိရာ ဒေသများဖြစ်ပြီး အရည်အသွေးကောင်းမွန်သော ကြက်သွန်ဖြူများကို ထုတ်လုပ်နိုင် သည်။ စီးပွားရေးအရ အောင်မြင်စေရန်အတွက် စိုက်ပျိုးစရိတ်ကို လျှော့ချပြီး တစ်ဧကအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်း၊ သိုလှောင်မှုစနစ် ကောင်းမွန်စေခြင်းတို့ဖြင့် ဈေးကွက်အတွင်း အပြိုင်အဆိုင် ရှိစေနိုင်သည်။

၁။ ရောဂါပိုးမွှားများကိုတိုက်ဖျက်နိုင်ခြင်း

ကြက်သွန်ဖြူတွင် ပါဝင်သော 'အယ်လီဆင်' (Allicin) ဒြပ်ပေါင်းသည် သဘာဝပဋိဇီဝဆေး (Natural Antibiotic) ကဲ့သို့ လုပ်ဆောင်ပေးသဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုရောဂါများကို ထိရောက်စွာ တိုက်ဖျက်နိုင်ပါသည်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသောကြောင့် အအေးမိခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာစေပါသည်။

၂။ နှလုံးနှင့်သွေးကြောကျန်းမာရေး

သွေးအတွင်းရှိ မကောင်းသော ကိုလက်စထရော (LDL) ကို လျှော့ချပေးပြီး သွေးတိုးကျစေရန် ကူညီပေးပါသည်။ သွေးကြောများအတွင်း သွေးခဲမှုကို တားဆီးပေးသည့်အတွက် နှလုံးရောဂါနှင့် လေဖြတ်ခြင်းဘေးမှ ကာကွယ်ပေးနိုင်ပါသည်။

၃။ အစာခြေစနစ်ကိုအထောက်အကူပြုခြင်း

ကြက်သွန်ဖြူသည် အစာအိမ်အတွင်းရှိ အကျိုးပြုဘက်တီးရီးယားများကို တိုးပွားစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ ဗိုက်ပွဗိုက်နာခြင်းနှင့် အစာမကြေခြင်းတို့ကိုလည်း သက်သာစေပါသည်။

၄။ ကင်ဆာရောဂါကာကွယ်ခြင်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှုကို ကာကွယ်ပေးပြီး အထူးသဖြင့် အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုများအရ သိရပါသည်။

၅။ အခြားအသုံးဝင်ပုံများ

သွေးချိုဆီးချိုရောဂါရှိသူများအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း (Detoxification) နှင့် အရေပြားပေါ်ရှိ ဝက်ခြံများကို ပျောက်ကင်းစေခြင်း စသည့် အကျိုးကျေးဇူးများစွာ ရှိပါသည်။

ကြက်သွန်ဖြူကို အစိမ်းလိုက်စားသုံးခြင်းသည် အာနိသင်အရှိဆုံးဖြစ်သော်လည်း အစာအိမ် ရောဂါရှိသူများ သို့မဟုတ် ခွဲစိတ်ကုသမှုခံယူမည့်သူများအနေဖြင့် အလွန်အကျွံစားသုံးခြင်းကို သတိပြုသင့်ပါသည်။

ကြက်သွန်ဖြူစိုက်ပျိုးခြင်းသည် မြေကွက်လပ်တွင်ဖြစ်စေ၊ အိုးဖြင့်ဖြစ်စေ လွယ်ကူစွာ စိုက်ပျိုး နိုင်ပြီး အိမ်တွင်းဟင်းခတ်အမွှေးအကြိုင်အတွက် အလွန်အသုံးဝင်ပါသည်။ ကြက်သွန်ဖြူသည် အေးမြသောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မြန်မာနိုင်ငံတွင် များသောအားဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလ (သီတင်းကျွတ်/တန်ဆောင်မုန်း) လများတွင် စတင်စိုက်ပျိုးလေ့ ရှိပြီး ဆောင်းတွင်းကာလတွင် ကြီးထွားစေပါသည်။

ကြက်သွန်ဖြူမျိုးရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်း

  • လတ်ဆတ်ပြီး ရောဂါကင်းသော ကြက်သွန်ဖြူဥကြီးကြီးများကို ရွေးချယ်ပါ။
  • စိုက်ခါနီးတွင် ကြက်သွန်ဥကို အမြွှာများ တစ်ခုချင်းစီခွာပါ။ (အပြင်ခွံ အပါးလေးများကို မခွာပစ်ပါနှင့်)
  • အမြွှာများထဲမှ သန်မာထွားကြိုင်းသော အမြွှာများကိုသာ စိုက်ရန် ရွေးချယ်ပါ။

မြေပြင်ဆင်ခြင်း

  • မြေဆွေးနှင့် သဲ အနည်းငယ်ရောစပ်ထားသော နုန်းမြေ သို့မဟုတ် မြေပွကို ကြိုက်နှစ်သက်ပါသည်။
  • စိုက်ခင်းမြေကို မြေပဲလှန်ပြီး နွားချေး သို့မဟုတ် သဘာဝမြေဩဇာ ရောစပ်ထားပါ။
  • ရေဝပ်ခြင်း မရှိစေရန် ရေနုတ်မြောင်းများ စနစ်တကျ ပြုလုပ်ထားရပါမည်။

စိုက်ပျိုးနည်း

  • ကြက်သွန်အမြွှာ၏ အချွန်ဘက်ကို အပေါ်ထား၍ အမြစ်ထွက်မည့် ဘက်ကို မြေကြီးထဲသို့ () လက်မခန့် နစ်အောင် စိုက်ပါ။
  • တစ်ပင်နှင့်တစ်ပင် () လက်မမှ () လက်မခန့် ခွာ၍ စိုက်ပါ။
  • စိုက်ပြီးပါက အပေါ်မှ ကောက်ရိုး သို့မဟုတ် မြက်ခြောက်ပါးပါး အုပ်ပေးခြင်းဖြင့် မြေကြီးအစိုဓာတ်ကို ထိန်းသိမ်းနိုင်ပါသည်။

 

 

ပြုစုဂရုစိုက်ခြင်း

  • ရေလောင်းခြင်း: မြေကြီး အမြဲစိုစွတ်နေရမည်ဖြစ်သော်လည်း ရေမဝပ်စေရန် သတိပြုပါ။ ပုံမှန်အားဖြင့် - ရက်တစ်ကြိမ် ရေလောင်းပေးနိုင်ပါသည်။
  • ပေါင်းသတ်ခြင်း: အပင်ငယ်စဉ်တွင် ပေါင်းပင်များက အာဟာရကို လုယူနိုင်သဖြင့် ပေါင်းကို ပုံမှန်ရှင်းပေးရပါမည်။
  • မြေဩဇာ: အပင်စိုက်ပြီး () လခန့်အကြာတွင် ယူရီးယား သို့မဟုတ် သဘာဝမြေဩဇာ အနည်းငယ် ထပ်မံ ကျွေးပေးနိုင်ပါသည်။

ရိတ်သိမ်းခြင်း

  • စိုက်ပျိုးပြီး () လမှ () လအကြာတွင် ရိတ်သိမ်းနိုင်ပါသည်။
  • ကြက်သွန်ပင်၏ အရွက်များ (၇၅%) ခန့် ဝါလာပြီး မြေကြီးပေါ်သို့ လဲကျလာပါက တူးဖော်ရန် အချိန်တန်ပါပြီ။
  • တူးဖော်ပြီးပါက အရိပ်ရပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် () ပတ်မှ () ပတ်ခန့် အခြောက်ခံပြီးမှ သိမ်းဆည်းပါ။

ဤနည်းလမ်းအတိုင်း စိုက်ပျိုးခြင်းဖြင့် မိမိအိမ်ခြံဝင်းအတွင်း လတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော ကြက်သွန်ဖြူများကို ရရှိနိုင်မည်ဖြစ်ပါသည်။ 

  DOCA(ရှမ်း)