
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၈.၁.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အ.မ.က ကျားချောင်ကျောင်းတွင် ကျောင်းသား/သူ (၁၅၉) ဦးတို့အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ လူငယ်အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။
ထိုဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်မှ လူငယ်နှင့်ရည်မှန်းချက်မြင့်မားစေရေး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးအေးမင်းလတ်မှ လူငယ်နှင့်စားသုံးသူကာကွယ်ရေး အသိပညာပေး ကိစ္စရပ်များကို ဟောပြောခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(ဧရာဝတီ)
