
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၆ခုနှစ် ဇန်နဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၆.၁.၂၀၂၆) ရက်နေ့တွင် ကုန်မျိုးစုံလုပ်ငန်းရှင်၊ (၁၂.၁.၂၀၂၆)ရက်နေ့တွင် ကိတ်မုန့်လုပ်ငန်းရှင်၊ (၁၅.၁.၂၀၂၆) ရက်နေ့တွင် ဆန် ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ (၂၀.၁.၂၀၂၆)ရက်နေ့တွင် စားသောက်ဆိုင် လုပ်ငန်းရှင်တို့နှင့်တွေ့ဆုံဆွေး နွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက်များကို ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
