ဘိုစားပဲအကြောင်းသိကောင်းစရာ

Powered by Drupal

           ဘိုစားပဲကို ပင်ထောင်မျိုးနှင့် နွယ်တက်မျိုးဟူ၍ ခွဲခြားထားသည်။ အစေ့သည် ကျောက်ကပ်ပုံ အဖြူ၊ အနက်၊ နီညို၊ ခရမ်း စသည်ဖြင့် မျိုးကွဲပေါင်းများစွာရှိသည်။ အပူပိုင်းနှင့် အအေးပိုင်းဇုန် များတွင် စိုက်ပျိုး၍ ဖြစ်ထွန်းသည်။ ရေမြေရာသီဥတုမရွေး ပေါက်ရောက်နိုင်သော်လည်း ပူအိုက်စိုစွတ်သော ဒေသများ၌မဖြစ်ထွန်းပေ။ သဲဆန်သော မြေမှ မြေစေးအထိ မြေအမျိုးမျိုးတွင် စိုက်ပျိုး နိုင်သည်။ ရေမဝပ်သော သဲ၊ နှုန်းမြေ၊ နှုန်းမြေစေး၊ နှုန်းမြေတို့တွင် ကောင်းစွာဖြစ်ထွန်းနိုင်သည်။ မြေ ချဉ်ငံဓာတ် (၄.၂-၈.၇) အတွင်းဖြစ်ထွန်းနိုင်သည်။ ထွန်ရေးကောင်းအောင် မြေကိုပြုပြင်ရန်မလိုအပ် ပေ။ မျိုးစေ့ချရာ၌ အစိုဓါတ်များလွန်းပါက အစေ့ပုတ်တက်သည်။ တိုင်ထောင်ပြီးစိုက်ပျိုးလျှင် တစ်ကျင်းတွင် (၂-၃) စေ့စိုက်ပျိုးနိုင်သည်။ ပင်ထောင်မျိုးကို တစ်တန်းနှင့်တစ်တန်း (၂)ပေခြား၍ တစ်ပင်နှင့် တစ်ပင် (၁၀)လက်မခွာ၍ စိုက်ပျိုးရသည်။ ရာသီဥတုသင့်တင့်သော ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ ပေါင်းနှစ်ကြိမ်ပေးရုံဖြင့် လုံလောက်သည်။ ခြောက်သွေ့သောရာသီ ဥတုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည် ခြောက်သွေ့ပါက ရေသွင်းပေးရန် လိုအပ်ပေသည်။ ပိုးသတ်ဆေး၊ မှိုသတ်‌ဆေးများသုံး၍ ကာကွယ်နိုင်သည်။ အပင်ပေါက်ပြီး (၇၅) ရက်မှစ၍ အသီးများ ဆွတ်ခူးနိုင်သည်။ အသီးများအရွယ်မရောက်မီ အစေ့လွတ်သောအချိန်တွင် ဆွတ်ခူးနိုင်သည်။

DOCA(ဧရာဝတီ)