
လက်ဖက်သည် မြန်မာလူမျိုးများကြိုက်နှစ်သက်သော ရိုးရာအစားအစာဖြစ်ပြီး နှစ်ပေါင်း ထောင်ချီ၍ စားသုံးခဲ့ကြကြောင်း၊ လက်ဖက်ပင်သည် အနံ့ပါသောအရွက်တစ်မျိုးဖြစ်၍ အပင်ငယ် မျိုးဖြစ်ပြီး အစဥ်စိမ်းလျက်ရှိရာ လက်ဖက်ပင်မှ လက်ဖက်ရွက်သည် အသုံးဝင်အဖိုးတန်ပြီး စီးပွားဖြစ်ကြောင်း လက်ဖက်စိုက်ပျိုးရာ၌ လက်ဖက် စေ့များကို သင့်တော်သောမြေတွင် ရှေးဦး စွာပျိုးထောင်၍ တစ်ပေလောက်မြင့်သောအခါမှ ပျိုးပင်ကိုစိုက်ခင်းရှိ ခြံများသို့ရွှေ့ပြောင်း၍ တစ်ပင်နှင့်တစ်ပင်ကို အကွာအဝေး ငါးပေခြောက်ပေ ခန့်အကွာစိုက်ပျိုးရကြောင်း၊ များသော အားဖြင့် လက်ဖက်ပင်များကို တောင်စောင်းများတွင် လှေကားထစ်သဖွယ် အဆင့်ဆင့်ပြုလုပ်၍ စိုက်ပျိုးလေ့ရှိကြောင်း လက်ဖက်ပင် သုံးနှစ်သား အရွယ်ခန့်ရောက်သော် အရွက်နှင့် အဖူးများ ကိုခူးနိုင်ကြောင်း၊ အပင်သက် ဆယ်နှစ်၊ ဆယ်ငါး နှစ်ခန့်အရွယ်ရှိသော လက်ဖက်ပင်မှ လက်ဖက် ရွက်သည် အကောင်းဆုံးလက်ဖက်ရွက်နုများ ထွက်ရှိချိန်ဖြစ်ကြောင်း၊ လက်ဖက်ပင်များကို အပင် မမြင့်စေရန်နှင့် အရွက်များထွက်စေရန် မကြာမကြာလည်း အပင်ချိုင်ပေးရကြောင်း၊ အပင်သက် (၂၅)နှစ်ရှိသောလက်ဖက်ပင်ကိုမြေကြီးမှ ကပ်၍ ခုတ်လှဲပေးပြီး အသစ်တစ်ဖန်အမြစ်မှ ပြန်ပေါက် စေခြင်းဖြင့် အပင်သစ်ကို ပြန်လည်ပြုစုရကြောင်း၊ စိုက်ပျိုးသောဒေသနှင့် ရာသီဥတုအပင်၏ သန်စွမ်းမှုအပေါ်တွင် အကြောင်းပြု၍ လက်ဖက်ရွက်များကိုတစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ ခူးယူနိုင်ကြောင်း၊ လက်ဖက်ရွက်ခူးရာတွင် အပင်မနာအောင် အထူးဂရုစိုက်၍ အပင်မှအရွက် များကိုလည်း အကုန်မခူးရကြောင်း၊ အရွက်ခူးသောအခါ များသောအားဖြင့် အဖူးနှင့်အရွက် နုကလေးများကိုသာခူးကြကြောင်း၊ မြန်မာ နိုင်ငံတွင် လက်ဖက်ပင်စိုက်ပျိုးသည့် ဒေသများစွာရှိ သည့်အနက် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသများတွင်စိုက်ပျိုးကြောင်းသိရှိရသည်။ လက်ဖက်အစို မှာရိုးရာအလိုက်ပွဲဝင်သော ခဲဖွယ်တစ်ခု ဖြစ်ပြီး ရပ်ရွာအတွင်း၌လည်း ဘာသာရေးပွဲ၊ နတ်ပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲစသည့်များတွင်လည်း လက်ဖက်ပွဲများဖြင့် တည်ခင်းဧည့်ခံကြကြောင်း လေ့လာဖတ်ရှု့ရသည်။ ၂၀၂၅ခုနှစ်၊ စက်တင် ဘာလ တတိယပတ်တွင် လက်ဖက်အညွှန့် ထိပ်စတစ်ပိဿာ လျှင် (၁၈၀၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၁၆၀၀၀)၊ အောက်စတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်ခန့်ပေါက်ဈေးများရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)