ဆေးဖတ်ဝင်ကျွဲကောသီး၏ ကောင်းကျိုးများ

Powered by Drupal
Fri, 07/25/2025 - 15:05 -- consumer_admin

ကျွဲကောပင်သည် ရှောက် သံပရာ လိမ္မော်ပင်စသည်တို့နှင့်အတူ ရှောက်ပင်မျိုးတွင် ပါဝင်သည်။ ကျွဲကောပင်၏  ရုက္ခဗေဒအမည်မှာ စစ်တြပ်ဒီကျူမန်နား (citrus decumana) ဖြစ်သည်။ အချို့က ကျွဲကောသီးကို ရှောက်ပန်းသီး ဟုလည်း ခေါ်ကြသည်။ ကျွဲကောပင်သည် မလေးကျွန်းစုနှင့် ပိုလီနီးရှင်းကျွန်းများတွင် မူလပေါက်ရောက်၍ နောက်မှ မြန်မာနိုင်ငံသို့ မလ္လာယုကျွန်းဆွယ်နှင့် အိန္ဒိယနိုင်ငံတို့မှ တဆင့် ရောက်လာသည်။ ယခုအခါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကျွဲကောပင်များကို တွေ့ရသည်။ ကျိုက္ခမီခရိုင်၊ မုတ္တမနယ်၌ ကျွဲကောခြံများရှိလေသည်။

      ကျွဲကောသီး၏အရည်(သဘာဝသတ္တုရည်)က   အစာအိမ်ကို  အယ်ကာလိုင်းအဖြစ်ဓာတ်ပြုပေး     နိုင်သဖြင့် အစာကို  ကောင်း စွာချေဖျက်ပေးနိုင် သည်။ ထမင်းစားသောက်ပြီးနောက် အစာကြေ  ဆေးအဖြစ် ကျွဲကောသီးကိုမှီဝဲနိုင်သည်။ ဝမ်းချုပ်       ခြင်းမှလည်း ကင်းဝေးစေနိုင်သည်။

          ဗီတာမင်စီအမြောက်အများ ပါရှိသည့်အတွက် သွေးလွှတ်ကြောများကို ဆန့်ခြင်းကျုံ့ခြင်း ပျော့ပျောင်းစေနိုင်သည်။   ထို့ပြင် pection

ဓာတ်ပါရှိသဖြင့် သွေးလွှတ်ကြောများ ပိတ်ဆို့မှုမဖြစ်စေဘဲ သွေးကိုကောင်းစွာစီးဆင်း လည်ပတ်စေနိုင် သည်။  ထို့ကြောင့် ကျွဲကော သီးစားခြင်းဖြင့် နှလုံးကိုကျန်းမာစေသည်။  ထို့ပြင် ကျွဲကောသီးကို မှန်မှန်စားပေးခြင်း ဖြင့် ကိုလက်စထရောကျစေနိုင်သောကြောင့်   နှလုံးရောဂါဖြစ်ပေါ်မှု အလားအလာကို ဟန့်တားပေးနိုင်သည်။

          ခန္ဓာကိုယ်အလေးချိန်   ကျလိုသူများအတွက်    ကျွဲကောသီးက လွန်စွာကောင်းကျိုးပြုသည်။ အင်ဇိုင်းလောင်ကျွမ်းစေပြီးခန္ဓာကိုယ်ထဲရှိကစီဓာတ်နှင့် သကြားဓာတ်တို့ကို စုပ်ယူပေးသဖြင့်ကိုယ် အလေး ချိန်ကျဆင်းစေသည်။

    ကျွဲကောသီးမှန်မှန်စားသုံးပေးခြင်းဖြင့် ပင်ပန်းနွမ်းလျခြင်း၊ အိပ်မပျော်ဘဲမျက်စိကြောင်ခြင်း၊ လည်ပင်းနာခြင်းနှင့်  ဆီးချိုရောဂါတို့ ကိုသက်သာ ကောင်းမွန်စေနိုင်သည်။ ကိုယ်ခံစွမ်းအား  တိုးတက် ကောင်းမွန်စေသဖြင့် ကူးစက်ဖျားနာ ရောဂါများမဖြစ်စေနိုင်တော့ပေ။

     ကျွဲကောသီးထဲတွင်ပိုတက်စီယမ်အမြောက်အများ ပါရှိသည့်အတွက် သွေးကိုပုံမှန်ဖြစ်စေသဖြင့် သွေးတိုးရောဂါဝေဒနာသည်များစားသုံးသင့် သည်။ ပန်းနာရင်ကျပ်ကို  သက်သာပျောက်ကင်းစေသည်။ ကိုယ်ဝန်ဆောင်မိခင်များ ခန္ဓာကိုယ်ဖောရောင် ခြင်း အတွက် ကျွဲကောသီးစားပေးသင့်သည်။

          ဗီတာမင်စီ  အမြောက်အမြားပါရှိခြင်းကြောင့်    အရေပြားပေါ်ရှိ အနာများကို ကျက်စေသည်။ သွားဖုံးသွေးယိုစီးခြင်းကို ကာကွယ်ပေးပြီးသွားများကိုခိုင်မာစေသည်။  ခံတွင်းရနံ့ဆိုးများမဖြစ်ပေါ် စေတော့ပေ။ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းနှင့်  ရာသီဖျားများကိုလည်း အလွယ်တကူ မကူးစက် စေနိုင်ပါ။

          ကျွဲကောသီးထဲတွင်ပါရှိသော ပိုတက်စီယမ်က  အရိုးပွခြင်း ကိုကာကွယ်ပေးနိုင်ပြီး အရိုးများ  ခိုင်မာ စေသည်။ ထို့ပြင် ကြွက်သားများ ကျုံ့ခြင်းဆန့်ခြင်းကိုအားပေးသဖြင့် ခြေသလုံးကြွက်သား များ ကြွက်မ တက်စေနိုင်ပေ။ထို့ပြင် မျက်နှာအသားအရေကို အစိုဓာတ်ထိန်းသိမ်း ပေးပြီး တင်းရင်းဝင်းစိုလာ ခြင်း ၊  ချွေးပေါက်များ ပွင့်စေပြီး ဝက်ခြံပျောက်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးများစွာ ခံစားနိုင်ပါလိမ့်မည်။ 

မှတ်ချက်                                                                                        

(၁)       အသားကို ဖုံးအုပ်ထားသော အဖြူရောင် အခွံပါးသည် အတန်ငယ် ခါးသက်သက်ရှိ     သော်လည်း ကင်ဆာဆဲလ်များကိုကောင်းစွာ   နှိမ်နင်းနိုင်သည့်အတွက်  အခွံပါးကိုစားပေးသင့်သည်။ အလေးချိန်စီးသော ကျွဲကောသီးသည် အရည်လည်းပိုရွှမ်းသည်။

(၂)      အဖြူရောင်အသီးထက်ပန်းရောင် သို့မဟုတ်  အနီရောင်အသီးတို့ကအရသာပိုချိုပြီး အာဟာရဓာတ် လည်း ပိုမိုသည်။

(၃)     အမှည့်လွန်ပြီးပျော့နေသောအသီးများနှင့်   ဒဏ်ရာရှိနေသောအသီးများကို ရှောင်ရှား သင့်သည်။

သတိပြုရန်

(၁)     လူအချို့ကမွေးရာပါဗီတာမင်စီနှင့် ဓာတ်မတည့်သူများရှိသည့် အတွက် ဗီတာမင်စီ ကြွယ်ဝသော ကျွဲကောသီးကိုစားမိပါက အရေပြား ပေါ်တွင် အဖုအပိမ့်အနီစက်များ ထွက်ပြီး အရေပြားရောင်ရမ်းစေတတ် သည်။

(၂)      ဗီတာမင်စီကြွယ်ဝသော သီးနှံဖြစ်သဖြင့် အလွန်အကျွံစားသုံးမိပါကကျောက်ကပ် ကျောက်တည်ခြင်း ၊ဝမ်းချုပ်ခြင်း စသည့်   ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။

(၃)   ကျွဲကောသီးကို   သံပရာသီးနှင့်တွဲဖက်မစားသင့်ပေ။ သေစေနိုင်သည်။

          “အာရောဂျံ ပရမံလာဘံ” ကျန်းမာရေးသည် လာဘ်ကြီးတစ်ပါးဖြစ်ပေရာ  ရောဂါဖြစ်လာမှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက အကောင်း မွန်ဆုံးနည်းလမ်းဖြစ်သည်။    ယနေ့ကမ္ဘာပေါ်တွင် အဖြစ်များပြီး ကုသရန်ခက်ခဲသော ကင်ဆာရောဂါ ဆိုးကြီးများအတွက် ကျွဲကောသီးကတစ်ဖက်တစ်လမ်းမှ ကောင်းကျိုးပြုပေးလျက်ရှိရာ ယခုလို မိုးရာသီတွင် ပေါပေါများများရနိုင်သော  သီးနှံတစ်ခုဖြစ်သည့် ကျွဲကောသီးကို ကင်ဆာကာကွယ်ဆေးအဖြစ် “အစာလည်းဆေး၊ဆေးလည်းအစာ “ဆိုသလိုသင့်တင့်မျှတ စွာ  စားသုံးပေးကြစေလိုသည်။

DOCA(ပဲခူး)