
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် သည် ၂၀၂၅ ခုနှစ် ၊ ဧပြီ လ(၂၈)ရက်နေ့ နံနက်(၀၉;၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ မုန့်တီဖတ်လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံပြီး မုန့်တီဖတ်/ မုန့်ဟင်းခါးဖတ်လုပ်ငန်း၏ ထုတ်လုပ်ပုံ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား မေးမြန်းဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
မုန့်တီဖတ်/မုန့်ဟင်းခါးဖတ် ပြုလုပ်ရာတွင် မနောသုခဆန်ကိုသာအသုံးပြုကြောင်း၊ မုန့်တီဖတ်/မုန့် ဟင်း ခါးဖတ် ထုတ်လုပ်နိုင်မှု ပမာဏမှာ ဆန်တစ်ပြည်လျှင် မုန့်ဖတ်(၂)ပိသာ(၅၀) ကျပ်သားခန့်အထိ ထွက်ရှိ နိုင်ပြီး တစ်နေ့လျှင် ဆန်(၁)တင်းခွဲခန့် ထုတ်လုပ်ရာ မုန့်ဖတ်(၆၀)ပိသာခန့် ထွက်ရှိကြောင်း၊ အပြင်မှ အော်ဒါ များရှိလျှင် အနည်းငယ် ပိုမိုထုတ်လုပ်နိုင် ကြောင်း နှင့် ဒေသတွင်းမုန့်တီလုပ်ငန်းအနေဖြင့် မိသားစုဝင်များဖြင့် သာ ပြုလုပ်ကြသော တစ်ပိုင် တစ်နိုင် လုပ်ငန်းဖြစ်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မနောသုခဆန် တစ်တင်းခွဲ တစ်ပိုင်းလျှင်(၁၀၀၀၀၀)ကျပ် ကုန်ကျကြောင်း သိရှိရပါသည်။
ဈေးနှုန်း/ဈေးကွက် အနေဖြင့် တစ်ရက်လျှင် မနောသုခဆန်(၂၄)ပြည် ပြုလုပ်ရပြီး ငွေကျပ် (၁၀၀၀၀၀) ကုန်ကျကာ ထွက်ရှိလာသည့် မုန့်တီဖတ်/မုန့်ဟင်းခါးဖတ်(၆၀)ပိသာခန့် ထွက်ရှိကာ မုန့်/မုန့်ဟင်းခါးဖတ် တစ်ပိသာလျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး တစ်ရက် အမြတ်ဝင်ငွေ (၅၀၀၀၀)ခန့် နေ့စဉ်ဝင်ငွေ ရှိနေကြောင်း သိရှိရပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှု ရှိစေရေးနှင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မုန့်တီဖတ်လုပ်ငန်း ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှု ရှိ/ မရှိ ၊ မုန့်တီဖတ်များဟာ အသင့်စားသုံးရသော အစားအသောက်ဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်မှုရှိစေ ရေး မုန့်တီဖတ်များ ထုတ်လုပ်မှု အဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့် မုန့်တီဖတ် ထုတ်လုပ်ရာတွင် တာရှည်ခံဆေး (Formalin) လုံဝသုံးစွဲမှုမပြုရန် သတိပေးတားမြစ်ပြီး မုန့်ဖတ် အခြောက်များ ပြုလုပ်ရောင်းချမည်ဆိုလျှင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖေါ်ပြရန်အတွက် မိမိတို့ စာသုံးသူရေးရာဦးစီးဌာနမှ အခမဲ့ကူညီ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြားပြီး လက်ကမ်းစာစောင် ဖြန့်ဝေ ပေးခဲ့ပါသည်။
DOCA(စစ်ကိုင်း)