ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

Powered by Drupal

    ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၉.၄.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၃၁၀အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၄၅၀၀ မှ ၆၆၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၁၄၅နှင့် ဈေးနှုန်းမှာ ၆၃၅၀၀ မှ ၆၄၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၃၈၀နှင့် ဈေးနှုန်းမှာ ၆၂၅၀၀ မှ ၆၃၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၀နှင့် ဈေးနှုန်းများမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၆၅၄ နှင့် ဈေးနှုန်းများမှာ ၄၇၅၀၀ မှ ၅၁၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၀၄၅အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၁၉၈၅ ၊လတ်စအိတ်ရေ ၁၆၉၇၊ ၂၅မတ်ဆန်အိတ် ၇၆၃၊ ဆန်ကွဲအိတ်ရေ ၃၄၂၁၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၀၄၁အိတ်၊ ဆန်ကြမ်းထိပ်စ ၁၈၂၀အိတ်၊ လတ်စ ၁၄၉၅ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၈၂၀ နှင့် ဆန်ကွဲအိတ်ရေ ၃၃၈၀ တို့ ဝင်ရောက်ပြီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

   (၈.၄.၂၀၂၅)ရက်နေ့နှင့် (၉.၄.၂၀၂၅)ရက်နေ့တို့ နှိုင်းယှဉ်ရာတွင် ဆန်အိတ် အရေ အတွက်မှာအနည်းငယ်လျော့နည်း၍ ဝင်ရောက်ပြီး ဈေးနှုန်းများမှာလည်းအနည်းငယ် လျော့နည်း ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)