
ကော်စေးပင်ဆိုသည်မှာ သစ်ပင်အကြီးမျိုးဖြစ်ပြီး မိုးများစွာရွာသွန်းသောဒေသတွင် ဖြစ်ထွန်း သည်။ ကော်စေးပင်များကို တောင်အမေရိကတိုက်၊ ဘရာဇီးနိုင်ငံများတွင် စိုက်ပျိုး ကြ သည်။ ကော်စေးပင်၏ အမြင့်မှာ ပေ ၇၀ မှ ၁၀၀ အတွင်းရှိသော အပင်ကြီးမျိုးဖြစ်သည်။ ပင်စည်၏ အချင်းမှာ ၂ ပေ မှ ၃ ပေအထိရှိသည်။ အနှစ် ၃၀ သက်တမ်းရှိသောအပင်ကို အရွယ်ရောက်ပြီ ဟု ဆိုနိုင်သည်။ အရွက်များမှာ စိမ်းလဲ့လဲ့အရောင်ရှိ၍ အလျား ၆ လက်မခန့်ရှိပြီး အနံအလယ် အကျယ်မှာ ၂ လက်မ ခန့်ရှိပြီးအဖြူရောင်အပွင့်များပွင့်ပါသည်။မလ္လာယုကျွန်းဆွယ်နှင့်ထိုဒေသအနီးတဝိုက်တွင်ပေါက်ရောက် သည်ကို တွေ့ရသည်။ အသားမှာ ပွသောကြောင့် အသုံးမဝင်ပေ။ အသုံးဝင်သောအရာမှာ ယင်းအသားပွ နှင့် အခေါက်ကြားနေရာမှထွက်သော အစေးဖြစ်သည်။ ၎င်းအစေးကို ကျိုချက်လိုက်လျှင် ကော်ဖတ်နှင့် တူ၍ အနီရင့်ရောင်ရှိသော ကော်စေးကိုရသည်။
ကော်စေးပင်မှရရှိသော ကော်စေးမှာ လျှပ်စစ်ဓာတ်မလိုက်သော အရာဝတ္တုမျိုးဖြစ်သည်။ ရေအောက်ကြေးနန်းကြိုးများကို ကော်စေးပြားဖြင့် ရစ်ပတ်ထားရာ ကော်စေးသည် ရေနှင့်ထိ သော်လည်း မပြောင်းလဲချေ။ ကော်စေးကို နွေးအောင်ပြုလုပ်၍ လိုသလောက်ဆွဲဆန့်နိုင်သည်။ ရော်ဘာကဲ့သို့ပင် ကော်စေးမှာ ရေစိမ်ခံသည်။ ကန့်နှင့်ရော၍ချက်နိုင်သော်လည်း ရော်ဘာကဲ့သို့ ရုန်းကန်နိုင်သည့် သတ္တိမရှိချေ။ သို့သော် ရေနွေးတွင်ထည့်ပါက ပျော့၍လာသည်။ ပျော့လာသော အခါ ကိုယ်လိုရာပုံသဏ္ဍာန်ကိုပြုလုပ်နိုင်၍ အေးသောအခါ မာကျောသွားသည်။ ကော်စေးကို သွားစိုက်အံပုံများ၊ ခွဲစိတ်ကုသရာတွင် သုံးသော အချို့ပစ္စည်းများအား ပြုလုပ်ကြသည်။
အနောက်နိုင်ငံများတွင် ကော်စေးကို စတင်သုံးစွဲလာသည်မှာ နှစ် ၁၀၀ ခန့်မျှသာရှိသေး သော်လည်း တရုတ်နိုင်ငံ၌ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြကြောင်း သိရှိရပါ သည်။ ကော်စေးရရှိရန် ပင်စည်ကို အထစ်များထစ်၍ အစေးကိုခံယူရသည်။ သို့သော် ၎င်းနည်း လမ်းသည် နှေးကွေးပြီး အစေးထွက်မှုနည်းသည်။ အများဆုံးထွက်သော နည်းလမ်းမှာ ထိုအပင် ကို ခုတ်လှဲပြီးနောက် အစေးထုတ်ယူနည်းပင်ဖြစ်သည်။ သို့သော် တစ်ပင်လျှင် အစေးအလေးချိန် ၂ ပေါင် မှ ၃ ပေါင်အထိသာရသည်။ ၎င်းနည်းလမ်းသည် သစ်တောပြုန်းတီးမှုကို ဖြစ်စေသဖြင့် အပင်သစ်များ ထပ်မံ၍ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)