ပိတောက်ပန်းသည် မြန်မာလူမျိုးတို့၏ နှစ်သစ်ကူး အထိမ်းအမှတ်ဖြစ်ပြီး မြန်မာ့ဆယ်နှစ်လ ရာသီများတွင် တန်ခူးလဟူသောနှစ်သစ်ကူးတွင် ပိတောက်ပန်းများ ဝေဆာစွာပွင့်ဖူးကြသည်။ မြန်မာလူမျိုးတို့သည် ပိတောက်ပန်းကို ဗုဒ္ဓဘုရားရှင်အားကပ်လှူခြင်း၊ ပန်ဆင်ခြင်းတို့တွင် အသုံး ပြုကြသည်။ ပိတောက်ပန်းနှင့်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်မှာလည်း ယှဉ်တွဲနေသည်။ မြန်မာ့ မိန်းကလေးတိုင်းအတွက် ပိတောက်ပန်းမှာ တန်ဖိုးဖြတ်မရသော ပန်းတစ်မျိုးဖြစ်ပြီး အချိန်ကာလ တစ်ခုရောက်မှသာလျှင် ဘုရားကပ်လှူခြင်းနှင့်ပန်ဆင်နမ်းရှိုက်ခွင့်ရကြသည့်အတွက် အလွန်နှစ် သက်မြတ်နိုးတန်ဖိုးထားတတ်ကြပါသည်။ ပိတောက်ပန်းနှင့်ပတ်သက်သော ကဗျာများ၊ သီချင်း များ၊ ဝတ္တုဇာတ်လမ်းများလည်း အများအပြားရှိပါသည်။ ပိတောက်ပင်သည် ခြောက်သွေ့သောဒေသ များတွင် အများဆုံးပေါက်ရောက်နိုင်သော အပင်အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတို့တွင် အများဆုံးတွေ့ရှိရသည်။ ပိတောက်ပင်သည် ယေဘုယျအားဖြင့် အပင်လတ်အမျိုးအစားဖြစ်ပြီး (၁၀)မီတာမှ(၃၀)မီတာအထိ ရှည်လျားကြီးထွား နိုင်သောအပင်ဖြစ်ပြီး အချင်းမှာ(၁.၇)မီတာခန့်ရှိနိုင်ကြောင်း၊ အပင်၏ အပြင်အခွံသည် အညိုရောင် ဖြစ်ပြီး ပွရောင်းသည်။ အပင်၏အတွင်းသားသည် အနီရောင်ဖျော့ဖျော့ရှိပြီး အပွင့်များသည်အဝါ ရောင်အဆင်းရှိပါသည်။ ပိတောက်သီးသည် အစေ့ဆံမှာ နှစ်ခု သို့မဟုတ် သုံးခုခန့်ပါရှိပြီး အတောင့် သဏ္ဍာန်ရှိသည်။ ပိတောက်ပင်သည် သစ်မာအမျိုးအစားဖြစ်ပြီး ခိုင်ခန့်ခြင်း၊ ခြမစားနိုင်ခြင်းတို့ ကြောင့် အိမ်တိုင်များ၊ အိမ်ပျဉ်ခင်း ပျဉ်ထောင်ခြင်းများ၊ ဗီရို၊ လှည်းဘီးနှင့်လှည်းလက်ရန်းတိုင် များနှင့် အခြားပရိဘောဂအမျိုးမျိုးတို့တွင် အသုံးပြုကြ၍ အသုံးဝင်သော အပင်တစ်မျိုးလည်း ဖြစ်ပါသည်။
DOCA(မန္တလေး)