
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည် နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့်အပ်ထားသော စစ်ဆေးရေး အရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် ဧပြီလအတွင်းတွင် ခရိုင်ဦးစီးမှူးနှင့် ဒုတိယခရိုင်ဦးစီးမှူးတို့မှ ဦးဆောင်၍ ပခုက္ကူမြို့နယ် တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးဆီအမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ပခုက္ကူမြို့တွင် FDAမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော အစားအသောက်များအား ကုန်စုံဆိုင်များ၌(၁)ကြိမ်၊ မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် စားသုံးဆီအမျိုးမျိုးတို့အား (၅)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက်ပိုင်းရပ်ကွက်နှင့် ပတ္တမြားဈေးတို့တွင်(၂)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၈)ကြိမ်၊ ဈေးကွက်မရောက်မီ သောက်ရေသန့်လုပ်ငန်းရှင် များထံသို့ ကွင်းဆင်းစစ် ဆေးခြင်းအား ပခုက္ကူမြို့မှ(၂)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီ၊ နှင့်စက်သုံးဆီအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာန များနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက် ပါအကြောင်း အရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူပြည်သူများအား အွန်လိုင်းမှတ်ပုံတင်ခြင်း ဆိုင်ရာများအကြောင်းအရာများကို အသိပညာပေးခြင်း၊ အွန်လိုင်းဖြင့်ရောင်းချနေသော အိတ်မျိုးစုံရောင်းဝယ်ရေးနှင့် အဝတ်အထည်များရောင်းချသည့် လုပ်ငန်းရှင်များထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအနေဖြင့်လည်း FDA၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသောက်ဆိုင်များသို့ သွားရောက်၍ အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းစေခြင်း၊ အစားအသောက်ကိုင် တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်း မှုအားနည်းမှုမရှိစေခြင်း၊ အစားအသောက်များလတ်ဆတ်သန့်ရှင်းမှုရှိစေခြင်းနှင့် ကျန်းမာရေးပြဿနာများမှ စားသုံးသူများအား ကာကွယ်ရန် စားသုံးသူများအခွင့်အရေးများရရှိစေရန် အသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA(မကွေး)