ကံမမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သူများ သိရှိစေရန် အသိပညာပေး ဟောပြောပွဲ(Talk Show) ဆောင်ရွက်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းသည်(၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကံမမြို့၊  ပြန်ကြားရေးနှင့် ပြည့်သူဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူပြည်သူများ အွန်လိုင်းပေါ်တွင်ရောင်းချနေသော ကုန်စည်များဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် Online sale ရောင်းချရာတွင် သိရှိလိုက်နာဆောင်ရွက်မည်အချက်များအား စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန် အသိပညာပေးဟောပြောပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် အွန်လိုင်စနစ်ဖြင့်ရောင်းချနေမှုအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ် သတ်မှတ်သည့်အမိန့်ကို (၂၁-၇-၂၀၂၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင် လက်မှတ်လျှောက်ထားရယူပြီးမှ လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း၊ ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်လက် မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည် ဖြစ်ပါကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များမှာ ရောင်းချသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ (၁)တာဝန် ယူဖြေရှင်းဆောင်ရွက်ရန် (၂)အရောင်းပြေစာပေးအပ်ရန် (၃)ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်နှင့်အာမခံချက်များပေးအပ်ရန် (၄)ကျသင့်တန်ဖိုးနှင့်ညီမျှသည့်အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊တာဝန်ခံမှုရှိရန် (၅)ရောင်းချသောကုန်စည်နှင့်စပ်လျဉ်း၍ သတင်းအချက်အလက် (သို့) အာမခံချက်များနှင့်ကိုက်ညီမှုမရှိခြင်းကြောင့်စားသုံးသူကပြန်လည်အပ်နှံလိုပါက သတ်မှတ်ချက်နှင့် ပြန်လည်အပ်နှံနိုင်သည့်ကာလတို့ကို သတ်မှတ်၍ ယင်းတို့နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန် (၆)မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချမည့် ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုး အစားစာရင်းတွင် ပါဝင်ခြင်းမရှိသော ကုန်စည်(သို့)ဝန်ဆောင်မှု ရောင်းချခြင်းကို ရှောင်ကြဉ်ရန် (၇) ကုန်စည်(သို့)ဝန်ဆောင်မှု ရောင်းချရာတွင် စားသုံးသူကို မထီမဲ့မြင်ပြုခြင်း၊ဂုဏ်သိက္ခာကို ထိခိုက်စေသော ပြုမူပြောဆိုခြင်းကို ရှောင်ကြဉ်ရန်၊ (၈)စားသုံးသူကငွေပေးချေရန်နည်းလမ်းများ နှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးရန် (၉)စားသုံးသူထံ ကုန်စည် ပို့ဆောင်မည့်နည်းလမ်းနှင့် သတ်မှတ်ချက်များကို မရောင်းချမီ ကြိုတင်အသိပေးခြင်း၊ ရွေးချယ်ခွင့်ပေးခြင်းနှင့်အညီ ကုန်စည်ပို့ဆောင်ပေးခြင်းဆောင်ရွက်ရန်၊(၁၀) စားသုံးသူ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်(သို့)စားသုံးသူကမဖော်ပြလိုသော အချက်အလက်များကို ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ အစိုးရဌာန၏ညွှန်ကြားချက်အရဖြစ်စေ ထုတ်ဖော်ခြင်းမှတစ်ပါး ယင်းတို့ကို ထုတ်ဖော်ခြင်းမပြုပဲ ထိန်းသိမ်းရန် (၁၁)အွန်လိုင်းစနစ်‌ရောင်းချခြင်းမှတဆင့် နိုင်ငံရေး၊လုံခြုံရေးကို ပျက်ပြားစေရန် လှုံ့ဆောင်ခြင်း၊ဟောပြောခြင်း၊စည်းရုံးခြင်း၊ အားပေးခြင်း၊ဆန္ဒဖော်ထုတ်ခြင်းမှုများ ရှောင် ကြဉ်ရန် (၁၂)မှတ်ပုံတင်လက်မှတ်ကို အခြားသူများသို့လွှဲပြောင်းခြင်းမှရှောင်ကြဉ်ရန် (၁၃)ပွင့်လင်း မြင်သာစွာရောင်းချရန် (၁၄)အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရ၊ အဖွဲ့အစည်းက ချမှတ်သောစည်းကမ်းများ တိကျစွာလိုက်နာရန် (၁၅)ဝန်ကြီး ဌာန၊ဦးစီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းများ လိုက်နာရန် စသည့်အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားကာ မည်သူမဆို မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပ‌ဒေ ပုဒ်မ၅ အရ အနည်းဆုံးထောင်ဒဏ် ခြောက်လမှအများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်းခံရမည်ဖြစ်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)