Languages

Consumer Call Center လက်တွေ့အသုံးပြုနည်းသင်တန်းပို့ချခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ကို စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၁ ခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပါသည်။
Consumer Call Center အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရုံးချုပ်၌ Main Site အဖြစ် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတို့၌ Client Site များအဖြစ်လည်းကောင်း စတင် ထူထောင်တည်ဆောက်သွားမည်ဖြစ်ပါသည်။ Consumer Call Center တွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ အနေဖြင့် Call Center Device များအား စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်စေရေး ရည်ရွယ်၍ Call Center User Training ကို ၂၅.၂.၂၀၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သင်တန်းခန်းမတွင် ကျင်းပခဲ့ရာ National Treasure Technology Co.,Ltd မှ တာဝန်ရှိသူများက Power Point များဖြင့် ရှင်းလင်းခဲ့ပြီး Call Center ခန်းတွင် လက်တွေ့ အသုံးပြုခြင်းကို သရုပ်ပြရှင်းလင်းခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်မှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများက Zoom Application အသုံးပြု၍ Online မှ တက်ရောက်ခဲ့ကြပါသည်။