ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့သည် အရှေ့ဘက်တွင် အရှေ့ရိုးမတောင်နှင့် အနောက်ဘက်ရှိ ပဲခူးရိုးမ တောင်ကြား စစ်တောင်းမြစ်ကမ်းနဖူးတွင် တည်ရှိသောမြို့တစ်မြို့ဖြစ်ပါသည်။ တောင်ပေါ်ဒေသများရှိ ဝါးများမှရရှိသော ဝါးနွယ်မျှစ်များအား တောင်ခြေကျေးရွာများရှိ ရွာသူရွာသားများ ခုတ်ယူ၍ မြို့ပေါ်ရှိဈေးများတွင် လာရောက်ရောင်းချကြပါသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ၊ ဇုတ်သုတ်၊ မုသင်၊ ရွှေလှေကျေးရွာများ၌ ကွမ်းရွက်များကိုတပိုင်တနိုင်စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် အထွက်နှုန်းကျဆင်းသော်လည်း ဈေးကောင်းရရှိ၍ မိသားစုစီးပွားရေးအဆင် ပြေလျှက်ရှိကြောင်း သိရှိရပါသည်။

မိုးရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် မိသားစု တပိုင်တနိုင်စိုက်ပျိုးရေး လုပ်ကိုင်သူများအနေဖြင့် စိုက်ဘောင်များ ပြုလုပ်ခြင်း၊ စင်များဆောင်လုပ်ခြင်းများ ပြင်ဆင်နေပြီ ဖြစ်သကဲ့သို့ မျိုးစေ့များလည်း စုဆောင်းဝယ်ယူနေကြပြီ ဖြစ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာန

ဒူးရင်းသီးသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းစသည့် ဒေသများတွင်အများဆုံး စိုက်ပျိုးဖြစ်ထွန်းသော အသီးတစ်မျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံးသီးသော သီးပင်ဖြစ်သည်။ ပန်းပွင့်ချိန်သည် တစ်လခွဲ ခန့်ကြာပြီး မျိုးအလိုက် စပွင့်သည်မှ မှည့်သည်အထိ ၅ လခွဲမှ ၆လထိ ကြာပါသည်။ နိုဝင်ဘာလတွင် ပန်းစပွင့်သော အပင်သည် ဧပြီလတွင် အသီးဆွတ်ခူ
