ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ဈေးလမ်းရှိ “ထက်” ဆိုင်ကယ်အရောင်းဆိုင်တွင် ကျောင်းဖွင့်ရာသီ၌ ဆိုင်ကယ်များရောင်းအားကောင်းကြောင်းသိရပါသည်။ ယခင်ကာလများတွင် အရောင်းပါးခဲ့သော်လည်း မေလအတွင်းနှင့်ဇွန်လအစပိုင်းအထိ ရောင်းအားအကောင်းဆုံးဖြစ်ပါသည်။

တောင်ငူမြို့၏ ထုတ်ကုန်များအနက် တစ်ခုအပါအဝင်ဖြစ်သော "ဖိုးလမင်း" ကော်ဖီမှုန့်သည် အနံ့အရသာနှင့်ပြည့်စုံပြီး လူကြိုက်များလှသည့် ကော်ဖီမှုန့်အမျိုးအစားတစ်ခုဖြစ်သည်။ "ဖိုးလမင်း" ကော်ဖီမှုန့်ကို တောင်ငူမြို့၊ အမှတ်(၁)၊ ၆ လမ်း၊ ၁၄ရပ်ကွက်တွင်ထုတ်လုပ်ပြီး တောင်ငူမြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင်ဆန်ကုန်သည်နှင့်ဆန်စက်ပိုင်ရှင်များက ဆန်များကိုလည်းကောင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက စားသုံးဆီများကိုလည်းကောင်း ၂၀၂၄ခုနှစ်၊ ဇွန်လ ၂ရက်နေ့မှစ၍ သက်သာသောနှုန်းထားဖြင့် နေ့စဉ် ရပ်ကွက်များသို့ mobile မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပ

တောင်ငူမြို့တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှထွက်ရှိသော ဒူးရင်းသီးများဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ ဒူးရင်းသီးသည် အနံ့မွှေး၍ အရသာဆိမ့်သဖြင့် လူကြိုက် များသောအသီးဖြစ်ပါသည်။ နှစ်စဉ် ဧပြီ၊ မေလများတွင် စတင်ပေါ်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်ဧရိယာများတွင် ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်နေပါသည်။ မိုးမြေပဲစိုက်ပျိုးရန် ကျေးရွာအုပ်စုပေါင်း ၂၀မှ တောင်သူလယ်သမား ၆၀၁ဦးက စိုက်ဧက ၂၁၂၉ဧက၊ မိုးနှမ်းစိုက်ပျိုးရန် ကျေးရွာအုပ်စုပေါင်း ၂၃အုပ်စုမှ တောင်သူလယ်သမား ၅၈၂ဦးက စိုက်ဧက ၂၇
