ပြည်တွင်းကုန်သွယ်မှုသတင်းများ
ခဝဲသီးသည် မြန်မာနိုင်ငံ၌ အမျိုးအစား (၂) မျိုးရှိပြီး တစ်မျိုးမှာ အပုမျိုးဖြစ်ပြီး ၅ – ၆ လက်မခန့်ရှည်ကာ ဒုတိယမျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်ပြီး နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်သည်။ ခဝဲသီးသည် လတ်ဆတ်နေချိန်၌ အစိမ်းရင့်ရောင် ရှိတက်ပြီး သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲ စောင်းပါရှိကာ အရည်ရွှမ်း၍ပွပြီး အစေ့မှာ သခွား

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဒေသတွင် ယခုအပတ်၏ ပြောင်းသီးနှံမှာ ၁၁၅၀ကျပ်နှင့် ၁၂၀၀ကျပ်ဖြစ်၍ အဆွဲအနည်းငယ်သွက်လာပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁- ၁၀၀၀၀ကျပ်၊ ထူး၂- ၁၀၅၀၀ကျပ်၊ ထူး၃- ၁၁၀၀၀ကျပ်၊ ထူး၄- ၁၁၅၀၀ကျပ်၊ ထူး၅- ၁၂၀၀၀ကျပ်၊ ထူးလွန်- ၁၂၅၀၀ကျပ်နှင့် ဥတစ်လုံးအကြီးဆိုဒ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်အထိဈေးပေါက်နေပြီ

၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမပတ်သည် သီးနှံပေါင်းစုံတောင်သူလက်ကျန်ပါးနေပြီး ကုန်စည်ဝင်ရောက်မှု နည်းပါးချိန်ဖြစ်ပေသည်။ နှစ်စဉ်မေလနှင့် ဇွန်လများတွင် ကုန်စည်ဝင်ရောက်မှုနှင့် ဈေးကွက်လိုအပ်ချက်မမျှတဘဲ သီးနှံဈေးနှုန်းများ အတက်အကျများပြီး ကုန်သည်ပွဲစားနှင့်တောင်သူများ အရှုံး၊အမြတ်ကြီးမားသည့်ကာလဖြစ်ပေသည်။ ယခုတစ်ပတ် ပြောင်းသီးနှံမှာ ရပ်စေ

မွန်ပြည်နယ်တွင် မြေပဲကို သံလွင်မြစ်ကမ်းတစ်လျှောက် လယ်ကွက်များ၌ စိုက်ပျိုးလေ့ရှိကြသည်။ မြေပဲကို မိုးအခါ၌လည်းကောင်း၊ ဆောင်းအခါ၌လည်းကောင်း စိုက်ပျိုးကြသည်။ မိုးမြေပဲကို ကုန်းမြေအမြင့်များတွင်စိုက်ပျိုးကြပြီး ဆောင်းမြေပဲကို လယ်ကွက်များ၌ စိုက်ပျိုးကြသည်။

ယခုနှစ် မိုးဦးကာလတွင် မွန်ပြည်နယ်ထွက် နာနတ်သီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်နေကြောင်း မော်လမြိုင်မြို့နယ်ရှိ သစ်သီးဝလံရောင်းချသူများထံမှ သိရှိရသည်။
