ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ သကြားပြောင်းဖူးများနေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ သကြားပြောင်းဖူးကို တစ်နှစ်ပတ်လုံး ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး ဈေးကွက်၌ အချိန်မရွေးဝယ်ယူစားသုံးမှု ရလျက်ရှိသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ပခုက္ကူကျွန်းရွာများ၊ မြစ

တောင်ငူခရိုင် ဖြူးမြို့သို့ စစ်တောင်းမြစ်အရှေ့ဘက်ရှိ ကျောက်ကြီးမြို့နယ်မှထွက်ရှိသော ဒူးရင်းသီးများ နှစ်စဉ်ဝင်ရောက်လျက်ရှိရာ ယခုနှစ်တွင်လည်း မေလမှစတင်၍ဝင်ရောက်လာကာ ဒူးရင်းသီးအရောင်းဆိုင်များ၍ ရောင်းအားကောင်းကြောင်းသိရပါသည်။ ဒူးရင်းသီးသည် အနံမွှေး၍ အရသာဆိမ့်သဖြင့် လူကြိုက်များသော အသီးတစ်မျိုးဖြစ်ပါသည်။
ပြည်မြို့ရှိ လူစည်ကားရာနေရာများနှင့် ဈေးများတွင် နှစ်စဉ်ယခုလိုအချိန်တွင် နာနတ်သီးများ စတင်ရောင်းချတာကို တွေ့ရပါသည်။ ပြည်မြို့အနေဖြင့် နာနတ်သီးကို စီးပွားဖြစ်စိုက်ပျိုးမှုများမရှိဘဲ အခြားထွက်ရှိရာဒေသများမှ တစ်ဆင့်ဝယ်ယူ ရောင်းချခြင်းဖြစ်ပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် သီပေါဘက်မှ ပျားရည်နာနတ်သီးများအဝင်ရှိသလို မော်လ

မိုးဦးကာလရာသီအချိန်တွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များ ဈေးကွက်အတွင်း ရောင်းဝယ် လျက်ရှိရာ ရာသီပေါ်ဟင်းသီးဟင်းရွက်ရောင်းချနေသူများအနေဖြင့် အရောင်းသွက်လျက်ရှိနေပါ သည်။ ရာသီစာထဲမှာ အင်ဥ၊ မျှစ်စို့ပေါက်များနှင့် ဂွေးသီးများသည် အဝယ်လိုက်၍ လူစားများသော ရာသီစာများဖြစ်ကြပါသည်။ ရာသီစာများနှင့်အတူ တွဲဖက်စားသုံးရာသော ကင်းပုံရွက်၊ ဆူ

၂၀၂၄ခုနှစ် ဇွန်လတတိယပတ်တွင် ပြည်မြို့၏ကုန်စိမ်းဈေးကွက်တွင် ဗုံလုံသီးများ စတင်၍ ရောင်းချလျက်ရှိပါသည်။ ပြည်မြို့အနီးတဝိုက်ဖြစ်သော မှော်ဇာရွာ၊ တောင်ခွေးရဲရွာနှင့် အင်းမ၊ ဝက်ပုတ်၊ ပုတီးကုန်းဒေသမှ နှစ်စဉ်စိုက်ပျိုးထွက်ရှိပြီး ရန်ကုန်သို့ အဓိကထား တင်ပို့ရောင်းချကြပါ သည်။ ကား၊ ရထားတို့ဖြင့်လည်း တင်ပို့ရောင်းချကြ၍ အသေး၊ အကြ
