ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို (၂၁-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မင်းရပ်ကွက်၊ ကွင်းအမှတ်(၂၆၀၈/ခ)၊ တောင်သူဦးမောင်လှ၏ စိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း ဥယျာ၌ခြံများနှင့် အိမ်ခြံဝင်းများတွင် စိုက်ပျိုးကြကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကိုအဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့အနီးအနားဝန်းကျင်နှင့် ကျေးလက်ဒေသများတွင် မိုးဦးကျကာလ၌ ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်းများစတင်ထွက်ရှိပြီး စျေးကောင်းရရှိကာ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
