ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းရှင်များပူးပေါင်း၍ (၂၂-၇-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ ပဲခူးမြို့၊ ခုတင် ၅၀၀ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် ဆန်နှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဇူလိုင်လစတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲ(ဂျပန်) တစ်တင်းလျှင် ၈၃၀၀၀ကျပ်၊ မတ်ပဲရိုးရိုး တစ်တင်းလျှင် ၈၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ

တိုက်ကြီးမြို့နယ်၌ မိုးစပါးများကို စတင်စိုက်ပျိုးလျက်ရှိရာ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် (၁၂၇၈၉၃)ဧကစိုက်ပျိုးရန်ရည်မှန်းထားပြီး ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဇွန်လတွင် (၅၅၈၄၁)ဧကစိုက်ပျိုးပြီးစီး၍ စပါးစိုက်ပျိုးရာတွင် တိုက်ကြီးမြို့နယ်၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ Seeders ဖြင့်စိုက်ပျိုးခြင်း၊ ကြဲခင်းစိုက်ပျိုးခြင်း၊ ကောက်စိုက်မအသု

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းသည် (၁၅-၇-၂၀၂၄)ရက်နေ့တွင် အခြေခံအပ်ချုပ်သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြသည်။