ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Jul 2024

၂၆.၇.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှု

26 Jul 2024

       တောင်ငူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၍ ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ဘိလပ်မြေဈေးနှုန်းမှာ ကြံနှစ်ကောင်(အနီ)တစ်အိတ်လျှင် ၁၀၆၀၀ကျပ်ရှိခဲ့ရာမှ ဇူလိုင်လ၊ စတုတ္ထအပတ်တွင် တစ်အိတ်လျှင် ၉၆၀၀ကျပ်ရှိသဖြင့် ဈေးနှုန်း ၁၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

26 Jul 2024

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များသည် အခြေခံလူတန်းစားများသို့ ဆန်များကို သက်သာသောဈေးနှုန်းဖြစ်သည့် တစ်ပြည်လျှင် ၃၀၀၀ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိပါသည်။

26 Jul 2024

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သည် ဆန်အခြေခံထုတ်လုပ်သည့် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သော မုန့်ဟင်းခါးခြောက်လုပ်ငန်းများ များစွာရှိသည့်ခရိုင်ဖြစ်ပါသည်။ စားသုံးသူရေးရာ ဦးစီးဌာနသို့ ကုန်အညွှန်းအမှတ်အသားများစိစစ်ပေးနိုင်ပါရန် တင်ပြသည့်စာရင်းအရ လုပ်ငန်းရှင် ၁၂ဦးက အမှတ်တံဆိပ် ၂၄မျိုးဖြင့် ထုတ်လုပ်ကြသည်ကိုတွေ့ရပါသည်။

26 Jul 2024

      တောင်ငူမြို့ပေါ်နှင့် အနီးတဝိုက်ရှိကျေးရွာများ၏ အိမ်ခြံဝင်းများတွင်စိုက်ပျိုးထားသော မန်ကျည်းပင်များမှ မန်ကျည်းသီးအစိမ်းများကို တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရောင်းချလျက်ရှိပါသည်။ မန်ကျည်းသီကို ငါးပိချက်ချက်၍သော်လည်းကောင်း၊ ကြော်စား၍သော်လည်းကောင်း၊ ထောင်းစား၍သော်လည်းကောင်း ပုံစံမျိုးစုံဖြင့်စားသုံးနိုင်ပါသည်။

Pages