ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ဆန်ကြိတ်ခွဲပြီး တန်ချိန် ၅၉၆၃၄၁ တန် နီးပါး တင်ပို့ခဲ့ရာ ပြီးခဲ့သည့်နှစ် အလားတူကာလက တန်ချိန် ၄၄၅၉၁၃ တန်မှ ၃၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားဆန်အဖွဲချုပ် (CRF) ၏ အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာအရ သိရှိရပါသည်။

မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု လည်ပတ်မှုသည် ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း အမေရကန်ဒေါ်လာ ၁၉.၂ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

စင်္ကာပူနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် တတိယ သုံးလပတ်အတွင်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြိုတင်ခန့်မှန်းချက်အရ သိရှိရပါသည်။ ၎င်းသည် ယခင်သုံးလပတ်တွင် မှတ်တမ်းတင်ခဲ့သော ၄.၅ ရာခိုင်နှုန်းမှ တိုးတက်မှုနှုန်း လျော့ကျလာခြင်း ဖြစ်ပါသည်။

နယူးဇီလန်နိုင်ငံမှ အိမ်မွေးငှက်နှင့် တောငှက်များတင်သွင်းမှု ယာယီတားမြစ်ထားခြင်းကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးဦးစီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံရှိ မြို့တော် ၃၃ ခု တွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ကူးပြောင်းစက်ရုံများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်စေရန်အတွက် ရင်းနှီးမြုပ်နှံမှု ၉၁ ထရီလီယံရူပီယာ (အမေ ရိကန် ဒေါ်လာ ၅.၅ ဘီလီယံ) ကို လိုအပ်လျက်ရှိကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှု အေဂျင်စီ

နယူးဇီလန်နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးပို့ကုန်များကို မထိခိုက်စေပဲ လယ်ယာမီသိန်း ထုတ်လွှတ်မှုအား ၂၀၅၀ ခုနှစ်တွင် ၂၀၁၇ ခုနှစ်၏ ၁၄-၂၄ ရာခိုင်နှုန်းအောက်သို့ လျှော့ချထုတ်လွှတ်နိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။ အဆိုပါလှုပ်ရှားမှုအား မွေးမြူရေးကဏ္ဍနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတိုင်ပင်ခဲ့ပြီး အစိုးရအဖွဲ့မှ အတည်ပြုထားကာ

အမေရိကန်နှင့် အာဂျင်တီးနားနိုင်ငံတို့သည် ဘဏ္ဍာရေးဈေးကွက်တည်ငြိမ်စေရန် ရည်ရွယ်သည့် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ တန်ငွေကြေးလဲလှယ်မှုမူဘောင်ကို အပြီးသတ်လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent သည် အာဂျင်တီးနားစီးပွားရေးဝန်ကြီး Luis Caputo နှင့် IMF အရာရှိများတက်ရောက်ခဲ့သည့် ဝါရှင်တန်တွင် လေးရက်ကြာ တွေ

နယူးဇီလန်နှင့် စင်္ကာပူနိုင်ငံတို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး (CSP) ကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် စတင်ခဲ့သည်။ နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon နှင့် စင်္ကာပူဝန်ကြီးချုပ် Lawrence Wong တို့ ပူးပေါင်း၍ Auckland ၌ အဆိုပါ သဘောတူညီချက်ကို ကြေညာခဲ့သည်။ CSP သည် ကုန်သွယ်မှုနှင့် စီးပွားရေး၊ ကာကွ

အိန္ဒိယ၏ နိုင်ငံခြားငွေ အရန်ငွေသည် အောက်တိုဘာ ၃ ရက် နောက်ဆုံးပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၇၆ သန်းမှ ၆၉၉.၉၆ ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော အိန္ဒိယဗဟိုဘဏ် (RBI) မှ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သော အပတ်စဉ် အချက်အလက်များအရ သိရသည်။

ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေပြမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ၁၄.၁၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရာ ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ ၈၆.၃ ဘီလီယံအထိ ကျဆင်းသွားခဲ့ကြောင်း ရုရှားဖက်ဒရယ် အကောက်ခွန်ဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ အကောက်ခွန်စာရင်းဇယားများအရ ၂၀၂၅ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်လအတွင်း ရုရှားနိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားကုန်သ

သီရိလင်္ကာသမ္မတ Anura Kumara Dissanayake က နိုင်ငံတွင်းဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံသူများနှင့် ရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေးကို လက်ရှိအစိုးရလက်ထက်တွင် အာမခံပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဘရူနိုင်းနိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာနသည် အစိုးရ ရင်းနှီးမြှုပ်နှံမှု ပလပ်ဖောင်းတစ်ခု စတင်ခြင်းနှင့် ပတ်သက်၍ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် သတင်းမှားများကို သတိထားရန် ပြည်သူများအား သတိပေးခဲ့သည်။

