ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Sep 2025

     ကမ္ဘာ့စားသုံးဆီဈေးကွက်ခိုင်မာမှုနှင့် ရောင်းလိုအားအပိုင်း မရေရာမှုများရှိနေခြင်း တို့အရ မလေးရှား  စားအုန်းဆီကြမ်း (CPO) စျေးနှုန်းသည် မကြာမီကာလအတွင်း တစ်တန်လျှင် ရင်းဂစ် ၄၂၀၀ နှင့် ရင်းဂစ် ၄၅၀၀ ကြားနှုန်းထားဖြင့် အရောင်းအ၀ယ်ဖြစ်နိုင်ဖွယ်ရှိသည်ဟု မလေးရှား စားအုန်းဆီကောင်စီ (MPOC) ၏ ပြောကြားချက်အရ သိရကြောင်း The Edge Malaysia သတင်း ဌာနက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။

29 Sep 2025

     ဘာစမာတီမဟုတ်သောဆန်များကို ပြည်ပသို့တင်ပို့ရာတွင် အကောက်ခွန်ဌာနထံမှ ခွင့်ပြုချက်မရယူမီ ဆန်တင်ပို့မှု အရောင်းအဝယ်စာချုပ်များကို လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) ထံ၌ မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

29 Sep 2025

   အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံဝယ်ယူတင်သွင်းမှုမှာ ယခင်နှစ်၌ စံချိန်တင်မြင့်မားခဲ့သော်လည်း မကြာသေးမီ လများအတွင်း ဝယ်လိုအားနည်းပါးမှုနှင့် ဈေးနှုန်းများကျဆင်းမှုတို့အရ တင်သွင်းမှု နှေးကွေးလျော့နည်းလာခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

29 Sep 2025

      ဖိလစ်ပိုင်နိုင်ငံ၌ စပါးဈေးနှုန်းများ တိုးတက်ကောင်းမွန်လာခဲ့ပြီးနောက် လက်ရှိချမှတ်လုပ် ဆောင်လျက်ရှိသော ဆန်တင်သွင်းမှု ၂ လကြာဆိုင်းငံ့ခြင်းကို ဆက်လက်၍ ကာလတိုးမြှင့်သွား ဖွယ်ရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနက စက်တင်ဘာ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

29 Sep 2025

      ထိုင်းနိုင်ငံသည် PM2.5 အမှုန်အမွှားအဆင့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို လျှော့ ချရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသော ကုန်သွယ်ရေးစံသတ်မှတ်ချက်အသစ် ချမှတ်ရန် ရည်ရွယ်၍ စိုက်ခင်းတွင် သီးနှံကြွင်းကျန်များကို မီးရှို့သော နေရာများမှ တင်သွင်းသည့် ပြောင်းကို တားမြစ်သွားမည်ဟု သိရသည်။

25 Sep 2025

   အင်ဒိုနီးရှားဒုတိယကုန်သွယ်ရေးဝန်ကြီး Roro Esti က အင်ဒိုနီးရှား-ချီလီဘက်ပေါင်းစုံ စီးပွားရေးမိတ်ဖက်သဘောတူညီချက် (IC-CEPA) အကောင်အထည်ဖော်ပြီးချိန်မှစ၍ နှစ်နိုင်ငံ ကြား ကုန်သွယ်ရေးဆက်လက်ကြီးထွားခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့်ချီလီ-အင်ဒိုနီး

25 Sep 2025

   တောင်ကိုရီးယား၏ Jeonbuk Agricultural Cooperative နှင့် Jeonju Horticultural Cooperative တို့သည် ဗီယက်နမ်သို့ ၂၀၂၅ ရာသီသစ်တော်သီး ပထမအသုတ်တင်ပို့သည့် အခမ်း အနားကို စက်တင်ဘာလ ၉ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ ပမာဏ ၁၆.၂ တန်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၀၀၀ ရှိသည့်

25 Sep 2025

   အင်ဒိုနီးရှားစက်မှုဝန်ကြီး Agus Gumiwang Kartasamita က ပြည်တွင်းထုတ်လုပ်မှု အားကောင်းရန်နှင့် လက်မှုပညာသည်များကို ပံ့ပိုး‌ပေးရန်အတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းစင်တာကွန်ယက်များတိုးချဲ့ရန် ဘာလီပြည်နယ်အစိုးရအား စက်တင်ဘာလ ၆ ရက်နေ့က တိုက်တွန်းခဲ့ကြောင်း သိရပါသည

25 Sep 2025

ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast  သည် အိန္ဒိယတွင် ထုတ်လုပ်သည့် ၎င်းတို့၏ အကောင်းစား လျှပ်စစ်ကားများဖြစ်သည့် VF 6 နှင့် VF 7 မော်ဒယ်များကို စက်တင်ဘာ ၆ ရက်နေ့က တရားဝင်ရောင်းချခဲ့ကြောင်း သိရပါသည်။ ၎င်းတို့သည့် အိန္ဒိယဈေးကွက်အတွက် ကုမ္ပဏီ၏ ပထမဆုံးထုတ်ကုန်များဖြစ်ပြီး တောင်အာရှနိုင်ငံအတ

25 Sep 2025

၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင် ဗီယက်နမ်သည် စံချိန်တင်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၃.၉၉ ဘီလီယံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော် စာရင်းအင်းရုံး၏အဆိုအရ သိရပါသည်။ ဇန်နဝါရီလမှ ဩဂုတ်လ ကာလအတွင်း နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၇.၉၃ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် တူညီ သည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်

25 Sep 2025

ဇန်နဝါရီ-ဩဂုတ် ကာလတွင် ဗီယက်နမ်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ဖြန့်ဝေမှု အမေရိကန် ၁၅.၄ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့််နှိုင်းယှဉ်ပါက ၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းရုံး(NSO) ၏ အဆိုအရ သိရပါသည်။ ၎င်းသည် ၅ နှစ်တာကာလအတ

25 Sep 2025

၂၀၂၄-၂၀၂၅ ကောက်ရိတ်သိမ်းရာသီတွင် ဗီယက်နမ်သည် သကြားအထွက်နှုန်း တစ်ဟတ်တာလျှင် ၆.၆၉ တန် ဖြင့် ဒေသတွင်းဦးဆောင်သူအဖြစ်ဆက်လက်ရပ်တည်နေကာ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အစရှိသည့် အဓိကထုတ်လုပ်သူများအား ကျော်ဖြတ်နိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် စက်တင်ဘာလ ၅ ရက်နေ့ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄-၂၀၂၅ ရာသီသီးနှံစိုက်ပျိုးမှုပြန်လည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ရာသီအတွက်&n

Pages