ကုန်သွယ်မှုသတင်းများ
စားအုန်းဆီတင်သွင်းမှုသိသာစွာမြင့်တက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ပထမ (၆) လတွင် အိန္ဒိယ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် တန်ချိန် ၇.၉၄ သန်း (၁၃ ရာခိုင်နှုန်း) မြင့်တက် လျက်ရှိကြောင်း Solvent Extractors Association of India (SEA) က ဗုဒ္ဓဟူးနေ့က ပြောကြား ထားပါသည်။

အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က ၂၀၂၆ခုနှစ် မေလ ၁၈ ရက်နေ့ တွင် ၂၀၂၅-၂၆ သီးနှံနှစ် (ဇူလိုင်-ဇွန်) အတွင်း အိန္ဒိယနိုင်ငံ၏ ဂျုံထုတ်လုပ်မှုသည် မိုးရာသီ

၂၀၂၆ ခုနှစ်၏ မိုးခေါင်ရေရှားမှုအခြေအနေသည် ယခင်နှစ်များထက် ပိုမိုပြင်းထန်လာနိုင် ကြောင်း ခန့်မှန်းထားကြသည်။ ထိုင်းမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ မေလမှ ဇူလိုင်လအတွင်း အယ်လ်နီညိုအခြေအနေသို့ ကူးပြောင်းရန် ၆၁% သေချာနေပြီး ယင်းအခြေ အနေသည် နှစ်ကုန်ပိုင်းအထိ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် သာမန်နှစ်များထက် နောက်ကျ၍ သရက်ရာသီ စတင်ဝင်ရောက်လာ ပြီး ထွက်ရှိမှုမှာ ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းလိမ့်မည်ဟု ခန့်မှန်းရသည်။ ဒေသတွင်း တင်းမာမှုများ၊ နယ်စပ်ပိတ်သိမ်းမှုများနှင့် ကုန်စည်ပို့ဆောင်ခ မြင့်တ

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဒေသတွင်း ငါးမွေးမြူရေးလုပ်ငန်းများအတွက် ဈေးကွက် ဝင် ရောက်ခွင့်ကို အားပေးထောက်ပံ့ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီတိုးတက်ရေးကို မြှင့်တင်နိုင်ရန် ဂျပန်နိုင်ငံနှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုကို တိုးချဲ့လျက်ရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန ၏ ပြောကြားချက်အရ သိရှိပါသည်။

