ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ဇူလိုင်လ တတိယပတ်မှာ ပဲဈေးများတက်လာခဲ့ပြီး ရန်ကုန်ဝယ်လက်နှင့် မြို့တွင်းရောင်းဝယ်မှုများရှိနေကြောင်း သိရှိရပါသည်။
ပြည်ဈေးကွက်ရှိ ရှမ်းအားလူးများမှာ ဈေးနှုန်းအနေဖြင့် ယခင်ရက်များက လက်ကား တစ်ပိဿာလျှင် ကျပ် ၁၉၀၀-၂၀၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၂၂၀၀-၂၄၀၀ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တွင် လက်ကားကျပ် ၁၈၀၀-၁၉၀၀၊ လက်လီ ကျပ် ၂၅၀၀-၂၈၀၀ဈေးရှိသည့်အတွက် ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက လက်ကားအနေဖြင့် တစ်ပိဿာလျှင် ၁၀၀ကျပ်၊ လက်လီတစ်ပိဿာလျှင် ကျပ် ၃၀၀-၄၀၀ဈေးပိုလာသည်ကို တွေ့ရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရှိ လက်လီဝယ်ယူသူနှင့် လုပ်ငန်းရှင်များဖြင့် အရောင်းအဝယ်ပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးနှမ်းလျာထား စိုက်ဧကမှာ (၈၂၂၇၉) ဧကရှိပြီး ယခုအချိန်အထိ (၇၂၇၆၈)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ပြည်ဈေး ကွက်သို့ ဇူလိုင်လနောက်ဆုံးပတ်တွင် မိုးနှမ်းအနည်းငယ်ဝင်ရောက်လာနေပြီဖြစ်ပြီး၊ နတ်တလင်း မြို့နှင့် မြန်အောင်မြို့ဘက်ရှိ ကျေးရွာများမှ တစ်နေ့လျှင် အိတ် ၁၀၀/၂၀၀ခန့် နေ့စဉ်ဝင်ရောက် လာနေပြီဟု သိရှိရပါသည်။ မန္တလေးရှိဝယ်လက်များက ပြည်မြို့ရှိ ပွဲရုံများသို့ကွင်းဆင်း၍ ဝယ်ယူ မှုရှိသလို ပြည်မြို့မှလည်း တင်ပို့ရောင်း
ဇူလိုင်လနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ မြေပဲဆန်ဈေးများ မြင့်တက်လာခဲ့ပါသည်။ ပြည်ခရိုင်၊ ရွှေတောင်ဘက်မှ မြေပဲဆန်များတစ်နေ့လျှင် အိတ် ၁၀၀/၁၅၀ခန့် ဝင်ရောက်မှု့ရှိနေသော်လည်း ဈေးကွက်တွင် မြေပဲလက်ကျန်များ နည်းလာသဖြင့် ဈေးမြင့်တက်လာခဲ့သည်ဟု သိရှိရပါသည်။ ဆီစက်သမားများကလည်း ဆီကြိတ်ရန်အဝယ်ရှိသဖြင့် ဆီကြိတ်မြေပဲဆန်များ ဈေးမြင့်တက်လာခဲ့သလို မြေပဲဆီဈေးမှာလည်းမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ မြေပဲဆန် လက်လီအရောင်းသမားများနှင့် ဒေသတွင်းမြေပဲလှော်ဖို၊ မြေပဲကြော်ဖိုများမှလည်း လုံးဆန

ပြည်ဈေးကွက်သို့ မိုးပဲတီစိမ်းသစ်များ ဇွန်လအတွင်းမှစ၍ ဈေးကွက်သို့ဝင်ရောက်လာခဲ့ကာ ယခုအချိန်မှာလည်း နေ့စဉ်ဝင်ရောက်လျှက်ရှိပေမယ့် အထွက်မလှိုင်သေး၍ အမြောက်အများ ဝင်ရောက်ခြင်းမရှိသေးသော်လည်း ဝင်လာသမျှ ပဲသစ်များအနေဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါ သည်။ မန္တလေးလိုင်းသမားအဓိက အဝယ်ရှိကာ ပဲတစ်တင်း ၄၆၀၀၀ ကျပ် ဖြင့်ရောင်းဝယ်လျှက် ရှိခဲ့ပါသည်။ ယခုနှစ်တွင် ပဲတီစိမ်းသီးနှံဈေးမှာ တစ်တင်းလျှင် ကျပ် ၄သောင်းကျော် ရရှိသည့် အတွက် ယခင်နှစ်ဈေးထက်စာလျှင် တစ်တင်းလျှင် ကျပ် ၁သောင်းကျော် ဈေးမြင့်တ