ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Aug 2022

            “ကောက်ရိုးမှို”ဆိုတာနဲ့ ကန်စွန်းရွက်စိမ်းစိမ်းလေးတွေကြားမှာ ဖြူဖြူမှိုလေးတွေနဲ့ ရောကြော်ထားတဲ့မှိုကန်စွန်းဟင်းလျာတစ်ပွဲကို ပြေးမြင်မိကြမှာအမှန်ပါဘဲ။ စားရေးသူတို့ မြန်မာလူမျိုးအများစုဟာ မှိုကိုကန်စွန်းရွက်နဲ့ရောကြော်ပြီး မှိုကန်စွန်းလုပ်စားကြတာများကြပါတယ်။ ခုနောက်ပိုင်း ခေတ်အခြေအနေအရ ဟော့ပေါ့ထဲမှာ မှိုကိုထည့်သွင်းစားသောက်လာကြတော့ ဟော့ပေါ့ဆိုင်တွေဖွင့်တာများလာလေ မှိုကိုစားသုံးမှု သိသိသာသာမြင့်တက်လာတာကိုလည်း သတိထားမိပါတယ်။  မြန်မာလူမျိုးများသည် ရှေးယခင်ကတည်းကမှိုနှ

12 Aug 2022

           ၂၀၂၂ခုနှစ် ဩဂုတ်လ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည်လျှင် ၃၄၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၂၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၁၈၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပ

12 Aug 2022

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူမြို့နယ် တာဝန်ခံ ဦးမြင့်သူတို့နှင့်အတူ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ ဘုရင့်နောင်ဈေး အနီး ရန်ကုန်-မန္တလေးလမ်းနှင့် စာတိုက်လမ်းဆုံရာ၌ Six Winner Brother Co.,Ltd မှ အခြေခံ လူတန်းစားများအား သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

12 Aug 2022

              ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ကွမ်းသီးစိမ်း အနုများ အရောင်းအဝယ် ကောင်းလျက်ရှိပါသည် ။ ကွမ်းသီးပင်များကို ဧကနှင့် စီးပွားဖြစ် မစိုက်ပျိုးသော်လည်း အိမ်ခြံဝန်းအတွင်း၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး ထွက်ရှိသော အသီးများ ရင့်မှည့်ချိန်ရောက်ခါမှ ခူးဆွတ်ရောင်းချလျက်ရှိပါသည်။ ယခုအချိန်တွင် ကွမ်းသီးစိမ်း (အနု)များကို ကွမ်းသီးအရေသောက်ဟုခေါ်ကာ ရန်ကုန်မြို့မှ လာရောက်ဝယ်ယူနေပြီး တရုတ်ပြည်မှ ဆေးဖော်ရန် ဝယ်ယူနေကြောင်း သိရှိရပါသည်။ ရန်ကုန်ဝယ်လက်အနေ

12 Aug 2022

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်းအပတ်စဉ်ထုတ်ပြန်ပေးလျက် ရှိပါသည်။

Pages