ကုန်သွယ်မှုသတင်းများ
ဟော်လန်ပန်းများစိုက်ပျိုးရာတွင် ပန်းမျိုးဥများအားဝယ်ယူစိုက်ပျိုးရသည်။ မျိုး(၃)ပြည် လျှင် (၇၅၀၀)ကျပ်နှုန်းဖြစ်ပြီး ပန်းမျိုးဥ တစ်ပြည်လျှင် ၅ပေအကွာ မြောင်းအရှည် ၈/၉ပေရှိ မြောင်း (၆)မြောင်း ရရှိပါသည်။ ကုန်ကျစရိတ်မှာ ပန်းမျိုးဥအပေါ် စိုက်ပျိုးမှုကို အခြေခံပြီး တွက်ချက်ရပါသည်။ မျိုးဥများအားစိုက်ပျိုးရာတွင် မြေကြီးအတွင်း(၄)လအကြာတွင် မြေပေါ်သို့ အတက်ကလေးများစတင်ထွက်ရှိလာပြီးနောက် (၄)လအကြာတွင် ပန်းများစတင် ထွက်ပေါ်လာ ပါသည်။ ဟော်လန်ပန်းစိုက်ပျိုးရာဒေသများမှာ ပြည်မြို့နယ်အတ

ပြည်ချင်းပွဲရုံများသို့ အောင်ပန်းချင်းတက် အခက်ကြီးများ အဝင်ပုံမှန်ရှိနေ သည်ဟု သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရောင်းဝယ်ရေးသမားများနှင့် လက်လီဈေး ရောင်းချသူများ အဝယ်ရှိနေပြီး ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်ပြီး ရောင်းဝယ်လျှက်ရှိနေပါသည်။ ဇူလိုင်လနောက်ဆုံးပတ်တွင် ချင်းတစ်ပိဿာ (ပွဲရုံဈေး) ၉၀၀/၁၀၀၀ကျပ် အိတ်စွဲဈေး ဖြစ်ပြီး ချင်းသန့် လက်ကားဈေးတစ်ပိဿာလျှင် ၁၄၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ လက်လီဈေးများတွင် တစ်ပိဿာ(ချင်းသန့်) ၂၀၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချ
ပြည်မန်ကျည်းမှည့် (ပွဲရုံ)များတွင် လှောင်မန်ကျည်းမှည့်လက်ကျန်များဖြင့်သာ ဒေသတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မန်းကျည်းမှည့်ပွဲရုံများတွင် မန်ကျည်းမှည့် တစ်ပိဿာဈေးမှာ (အသား) ၃၆၅၀-၃၇၀၀ကျပ်နှင့် လက်လီဈေးမှာ (အသား) ဈေးတစ်ပိဿာ ၄၃၀၀ကျပ် ဈေးဖြင့် ရောင်းချနေပြီး ဈေးကွက်များတွင် အစေ့ပါ မန်ကျည်းမှည့်ကို ရောင်းချခြင်း မရှိတော့သည်ကို တွေ့ရှိရပါသည်။ တစ်ပတ်အတွင်း မန်ကျည်းမှည့်ပိဿာချိန် ၆၀၀ကျော် အရောင်းအဝယ် ပုံမှန် ဖြစ်လျှက် ရှိပါသည်။ မန်ကျည်းသီးစိမ်း တစ်ပိဿာလျှင် ၂၈၀၀-၃၀၀

ပြည်ခရိုင် နွေစပါးဈေးမှာ ဇူလိုင်လနောက်ဆုံးပတ်တွင် ဈေးများ ဆက်လက်မြင့်တက်လာခဲ့ပါသည်။ ပြည်မြို့နယ်တွင် ယခင်က ၇၇၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုတွင် တင်း ၁၀၀လျှင် ၇၉၀၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခင် ၇၅၀၀၀၀ကျပ်၊ ယခုပေါက်ဈေးမှာ ၇၆၆၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ယခင်က ၇၆၀၀၀၀ကျပ်၊ ယခု ၇၈၀၀၀၀ကျပ်ဖြင့် တင်း ၁၀၀လျှင် ၂သောင်းကျော် ဈေးမြင့်တက်ခဲ့ပါသည်။ ဆန်ဈေးများမှာ ဈေးမြင့်တက်ခြင်းမရှိဘဲ ၁၀၈ပေါင်တစ်အိတ်လျှင် ၃၂၀၀၀ကျပ်ဈေးဖြင့် ဆက်လက်ဈေးရှိနေခဲ့ပြီး စပါးဈေးများတက်လာသော်လည်း ဆန်စက်

ပြည်ကြက်သွန်ဖြူပွဲရုံများတွင် ရှမ်းစလက်ကားအလုံးကြီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀-၃၅၀၀၊ အလုံးသေး တစ်ပိဿာလျှင် ကျပ် ၂၅၀၀-၂၈၀၀ဈေးရှိပြီး၊ လက်လီ အလုံးအကြီး အသေးရောရာ တစ်ပိဿာလျှင် ကျပ်၃၅၀၀-၄၀၀၀ဈေးရှိပါသည်။ ကြူကုတ်လက်ကား တစ်ပိဿာလျှင် ကျပ် ၃၄၀၀-၃၅၀၀၊ လက်လီ တစ်ပိဿာလျှင် ကျပ် ၃၈၀၀-၄၀၀၀ဈေးရှိပါသည်။ ယခုရက်ပိုင်းတွင် အခြားတိုင်းများသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ဒေသတွင်း လက်လီ/လက်ကား ဝယ်ယူသူများ ဖြင့်သာ အရောင်းအဝယ်ဖြစ်သော်လည်း အရောင်းအေးကြောင်းသိရှိရပါသည်။ ကြက်သွန်ဖြူ ရှမ်းစ