ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Dec 2025

         ကနေဒါဖက်ဒရယ်အစိုးရနှင့် ရေနံထုတ်လုပ်သော ကနေဒါနိုင်ငံ အယ်လ်ဘာတာ ပြည်နယ်တို့သည် အာရှဈေးကွက်သို့ တင်ပို့ရောင်းချနိုင်စေရန်ရည်ရွယ်၍ ရေနံပိုက်လိုင်းတည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ MOU အရ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရမျာ

15 Dec 2025

     ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာနသည် ဖိလစ်ပိုင်သို့ ဆန် တင်ပို့မှုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိရာ ကမ္ဘောဒီးယားအတွက် နိုင်ငံတကာ စျေးကွက်အသစ် တစ်ခုကို ထူထောင်မှုနှင့်အတူ ဖိလစ်ပိုင်နိုင်ငံအတွက် အရည်အသွေးမြင့်ဆန်များ ရရှိနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း Phnom Penh Post သတင်းဌာနက ဖော်ပြပါသည်။

15 Dec 2025

    ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ဆန်တင်သွင်းမှု လိုအပ်ချက်များကို သိသိသာသာ လျှော့ချသွားမည်ဟု စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

15 Dec 2025

   နိုင်ငံတကာ အုန်းသီးထုတ်ကုန်တင်ပို့မှုလုပ်ငန်း၌ ဗီယက်နမ်သည် ဈေးကွက်ဝေစု တစ်ဖြည်း ဖြည်း ရရှိလာသဖြင့် အုန်းသီးထုတ်ကုန်များကို ကမ္ဘာနှင့်အဝန်း ဦးဆောင်တင်ပို့နေသော ဖိလစ်ပိုင် အနေဖြင့် ဈေးကွက်ဝေစုယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန်အတွက် တန်ဖိုးမြှင့် အုန်းသီး ထုတ်ကုန်များသို့ ပြောင်းလဲထုတ်လုပ်တင်ပို့သင့်ကြောင်း ပညာရှင်တစ်ဦးက ပြောကြားထား ပါသည်။

15 Dec 2025

    မလေးရှားနိုင်ငံ၏ နိုဝင်ဘာလ၌ စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်မှုသည် ရေလွှမ်းမိုးမှု ဒဏ်ခံရသော ဒေသများတွင် ရိတ်သိမ်းမှုနှောင့်နှေးခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ယခင်လက ထက် သိသိသာသာကျဆင်းသွားဖွယ်ရှိသည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ အဆို အရ သိရှိရကြောင်း မလေးရှားအခြေစိုက် The Edge Malaysia သတင်းဌာနက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖော်ပြပါသည်။

Pages