ကုန်သွယ်မှုသတင်းများ
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှဝင်ရောက်သည့်

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း ပီလောပီနံတင်ပို့ရောင်းချသည့် နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ထိပ်ဆုံးနေရာကို ထိန်းသိမ်းထားနိုင်ရန် ရည်မှန်း ထားကြောင်း ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

စားအုန်းဆီ အဓိကတင်ပို့ရာ စျေးကွက်များတွင် ပွဲတော်ရာသီဝယ်လိုအား ကောင်းမွန်မှု ကြောင့် ယခု ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် စားအုန်းဆီတင်ပို့မှု ပြန်လည်ကောင်းမွန်လာမည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က မျှော်လင့်လျက်ရှိကြောင်း The Edge Malaysia သတင်းဌာနက ဇူလိုင်လ ၂၈ ရက်နေ့တွင် ဖော်ပြထားပါသည်။

စင်ကာပူနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်၌ ဆန်တင်သွင်းမှု အရှိန်တိုးမြှင့်ခဲ့သော် လည်း ဗီယက်နမ်မှ စင်ကာပူဈေးကွက်သို့ ဆန်တင်ပို့မှုမှာ ၁၇ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည့် အတွက် ဗီယက်နမ်သည် အိန္ဒိယနှင့် ထိုင်းတို့၏နောက်တွင် စင်ကာပူသို့ တတိယမြောက် ဆန် အများဆုံး ပေးသွင်းသူအဖြစ် ရောက်ရှိခဲ့သည်။

