ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းအဝယ်ရှိသော ပဲများနှင့် ပြည်တွင်း စားသုံးမှုများပြီး ဒေသတွင်း ဝယ်လိုအားများသော ပဲများ ရှိ လက်လီ/ လက်ကား ရောင်းဝယ်မှု ဖြစ်လျက်ရှိခဲ့ကြပါသည်။အဆိုပါပဲများထဲတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံသီးနှံများမှာ ပြည်ပ ဝယ်လိုအားရှိသည့်အတွက် လက်ကားရောင်းဝယ်မှု အဖြစ်များခဲ့ကာ စားတော်ပဲ၊ ပဲနီပြား စသည့် သီးနှံများကတော့ ပြည်ဈေးကွက်အတွင်း ပြည်တွင်းစားသုံးမှုများသည့်အတွက် လက်လီ သမားအပြင် လက်ကားဝယ်ယူမှုလည်း ရှိခဲ့ကြပါသည်။အဆိုပါပဲများ၏

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ကြံစိုက်ဧက (၂၀၅၈၉)ဧက ရှိပြီး ခင်းသစ်(၁၄၈၀၇)ဧကနှင့် လမိုင်း(၅၇၈၂)ဧကပေါင်း (၂၀၅၈၉)ဧကရှိကြောင်း သိရှိရပါသည်။ ကြံဈေးနှုန်းများအနေဖြင့် ယခင်နှစ်က ကြံတစ်တန် လျှင် (၁၃၀၀၀၀)ရှိရာမှ ယခုနှစ်ကြံတစ်တန်လျှင် (၁၇၀၀၀၀)ကျပ် ခန့်ရရှိ၍ ယခုနှစ် ကြံရာသီချိန် ကြံဈေးမှာ ယခင်နှစ်ထက် ကြံတစ်တန်လျှင်(၄၀၀၀၀)ကျပ်ခန့် ဈေးပိုရပါသည်။ ကြံအထွက်နှုန်းမှာ ဆည်ရေသောက်ရသောဧရိယာတွင် (၃၅တန်မှ၄၀တန်) အထိထွက်ရှိပြီး ရေငတ်သောဧရိယာတွင် (၂၅တန်မှ၂၈တန်)အထိ ထွက်ရှိကြောင်း သ်ရှိရပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ကျေးရွာများဖြစ်သော တောင်လုံးညို၊ ရှမ်းစု၊ ဇီးဖြူကုန်းစသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီသည့်ရာသီစာ မုန်ညင်း များ စိုက်ပျိုးရောင်းခြင်းဖြင့် နှစ်စဉ်ဝင်ငွေများရရှိလျက်ရှိကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံတွင် ငှက်ပျောပင်နှင့် ဗေဒါပင်မှတစ်ဆင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင် မည်ဖြစ်ပါသည်။ ငှက်ပျောသီးကို လူအများစားသုံးကြပြီး ငှက်ပင်စည်ကို လူအသုံးအဆောင် ပစ္စည်းများထုတ်လုပ်ကြပါသည်။ ထို့ကြောင့် ငှက်ပျောပင်စည်မှ စွန့်ပစ်ပစ္စည်းဖြင့် လူအသုံး အဆောင်ပစ္စည်းများထုတ်လုပ်လာနိုင်ကြ၍ MSME အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထို့အတူ ဗေဒါရိုးကိုလည်း လူအသုံး အဆောင်ပစ္စည်းများထုတ်လုပ်ရောင်းချလာကြပါသည်။ ပြည်တွင်းလက်မှုလုပ်ငန်းများမှတစ်ဆင့

ပဲဇောင်းလျားပင်ကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ပဲဇောင်းလျားအသီးကို ပြုတ်၍သော်လည်းကောင်း၊ သုတ်၍သော်လည်းကောင်း၊ သီးစုံဟင်းချက်၍သော်လည်းကောင်း၊ အချဉ်ဖတ်ပြုလုပ်၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပါသည်။
