ကုန်သွယ်မှုသတင်းများ
မြန်မာလူမျိုးများအနေဖြင့် အဓိကအရေးကြီးဆုံးဖြစ်သော စားဝတ်နေရေးဆိုပြီး အချက်သုံး ချက်ရှိရာ ဝတ်ရေးသည် ဒုတိယအရေးကြီးဆုံးဖြစ်ပါသည်။ ရာသီဥတုမှာလည်း တစ်နှစ်နှင့် တစ်နှစ် ပို၍ပူပြင်းလာကြသောကြောင့် လူအများအနေဖြင့် အေး၍ပေါ့ပါးသော အဝတ်အထည် ဖြစ်သော ချည်ထည်များကိုသာ ရွေးချယ်၍ဝတ်ဆင်လာကြပါသည်။ ချည်ထည်များကို ဦးစားပေး ဝတ်ဆင် လာကြသဖြင့် အဓိကကုန်ကြမ်းဖြစ်သော ဝါသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးလာကြရာ ပြည်ခရိုင်အနေဖြင့် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧကမှာ ၁၂၈၉၃ ဧကရှိလာပါသည်။ ယခုအချိ

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ပန်းဂေါ်ဖီများ စိုက်ပျိုး ထားလျက်ရှိပြီး အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း သိရပါသည်။ ပန်းဂေါ်ဖီများကို စိုက် ပျိုးထားသော သဖန်းချိုကျေးရွာရှိ တောင်သူဦးဌေးဝင်းနှင့်တွေ့ဆုံ၍ စိုက်ပျိုး ထွက်ရှိမှုနှင့် အကျိုးအမြတ် များသိရှိစေရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာတွင် ငရုတ်သီးစိမ်း(ကျောက်စိမ်း)သီးများ စိုက်ပျိုးထားသဖြင့် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိစေရန် ကွင်းဆင်း လေ့လာခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး နှစ်စဉ်နှမ်း၊ မြေပဲ၊ ပဲစဉ်းငုံသီးနှံများကို အဓိကထားစိုက် ပျိုးလျက်ရှိသည်။ နှမ်းစိုက်ပျိုးရာ၌ (၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် မြေပြင်ချိန်မှစ၍မျိုးစေ့၊ လုပ်အားခနှင့် သွင်းအားစုအပါအဝင် စုစုပေါင်း ငွေကျပ် (၂)သိန်းခန့်မှ(၂)သိန်း(၅)သောင်းခန့်ကုန် ကျကြောင်း၊ စိုက်ပျိုးပြီး(၃)လအကြာတွင်ရိတ်သိမ်းရပြီး (၁)ဧက အထွက်နှုန်းအားဖြင့် (၄)တင်းမှ (၅)တင်

တောင်ငူခရိုင် ဖြူးမြို့ မြို့မဈေးကြီးတွင် မြေပဲဆံ(အဖြူ/အနီ)မှာ ယခင်လက တစ်ပိဿာ လျှင် ၉၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၀၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း ၅၀၀ ကျပ်တက်ပါသည်။ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၇၇၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
