ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မဈေးအတွင်း ရောင်းချနေသော ရေထွက် ကုန်ပစ္စည်းများမှာ ဒေသထွက်ပစ္စည်းများနှင့် အခြားဒေသများမှ တင်ပို့လာသော ကုန်ပစ္စည်းများ ရောနှောရောင်းချလျက်ရှိရာ ဈေးကွက်အတွင်း ရောင်းဝယ်မှုသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့က

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကုလားပဲဆံနှင့် ကုလားပဲလုံး ဈေးကွက်များသည် ဩဂုတ်လ တတိယပတ်အတွင်း ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ဟင်္သာတခရိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံ စိုက်ပျိုးမှုအများဆုံး ခရိုင်တစ်ခုဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ကုလားပဲ (

ရေကြည်မြို့နယ်အတွင်းရှိ သီဟိုဠ်စေ့ဈေးကွက်သည် စက်တင်ဘာလအတွင်း အရောင်း အဝယ်စည်ကားလျက်ရှိပြီး ဒေသထွက်သီဟိုဠ်စေ့များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ရေကြည်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ်စေ့ထုတ်လုပ်မှုအချက်

ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ဒေသထွက် မန်ကျည်းသီးမှည့်များ ဈေးနှုန်း မြင့်မားစွာဖြင့် ရောင်းချလျက်ရှိရာ ဈေးကွက်ဝယ်လိုအား ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ ပုသိမ်မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရ

