ပို့ကုန်အရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ

Powered by Drupal

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ ဆန်၊ ဆန်ကွဲနှင့် ပြောင်းဆံ တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် ၂၀၁၄ - ၂၀၁၅ ခုနှစ် မှ စတင်၍ မြန်မာပဲများတင်ပို့ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ စိုက်ပျိုးရာသီအလိုက် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ် များ၊ ကောင်းမွန်သော ကျန်းမာသန့်ရှင်းမှုဆိုင်ရာ ကျင့်စဉ်များဖြင့် စိုက်ပျိုးနိုင်စေရေးနှင့် ပိုးသတ်ဆေး စနစ်တကျသုံးစွဲနိုင်စေရေးအတွက် တောင်သူပညာပေးသင်တန်းများပို့ချခြင်း၊ ပဲတီစိမ်းတင်ပို့မည့် ကုမ္ပဏီများအား  Processer စစ်ဆေးခြင်းနှင့် စစ်ဆေးပြီးကုမ္ပဏီများ၏ ပဲများအား ပဲရာသီအလိုက် ဥရောပသမဂ္ဂနိုင်ငံသ