သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Nov 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၈.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် တောင်ငူမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်း စစ် ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

05 Nov 2024

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံမှဦးဆောင်၍ မြို့နယ်တရားမဝင် ကုန်သွယ်မှုတားဆီးရေးအဖွဲ့သည် (၂၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စလင်းမြို့နယ် မြင်တင်ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင် (၅)ဆိုင်တွင် တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းမှ ဝင်ရောက်လာသည့် စားအုန်းဆီဘူးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း၍ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

05 Nov 2024

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဖြင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ရည်ရွယ်၍ (၂၃.၁၀.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကျောင်းကြားရပ်ကွက်ရှိ ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

05 Nov 2024

     စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလတ်နှင့် မြို့ပြနေ ပြည်သူ များ၊ စီပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများ ရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား သိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းသော အစားအသောက်နှင့်ကုန်စည်များအား ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရေး အသိပညာပေးဆွေးနွေးပွဲများနှင့် စျေးကွက်စောင့်ကြည့်လုပ်ငန်းများ စဉ်ဆ

05 Nov 2024

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၂၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အတူ ငမင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

Pages