သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၄)ရက်နေ့တွင် နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၄.၁၀.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ အထက်ရေပုန်းရပ်၊ မြင်းမိုရ်ကိုယ်ပိုင် အထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Kaung Hlyan New Asia ကုမ္ပဏီမှ ထုတ်ယူခဲ့သော စားအုန်းဆီပေပါ(၄၉)ပေပါသည် မော်တော်ယာဥ်အမှတ် 3N/3347 ဖြင့် (၈.၁၀.၂၀၂၄)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း မြိတ်ခရိုင် ဆီကိုယ်စားလှယ်ထံမှ သိရှိရသဖြင့် မြိတ်ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင
မြိတ်ခရိုင် ဆန်ကုန်သည်များအသင်းသည် မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တို့မှ ဝယ်ယူ၍ (၂၉.၁၀.၂၀၂၄)ရက်နေ့တွင် Mv-အောင်တက်တိုး ရေယာဉ်ဖြင့် ဆန်တန်(၄၅၀)၊ အိတ်ရေ(၉၀၀၀)တို့ တင်ဆောင်လာခဲ့ပြီး (၃.၁၁.၂၀၂၄) တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပါသည်။