သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Nov 2024

                ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း) မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့၊နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အောင်ပန်းမြို့ လွယ်မောကျေးရွာရှိ ဖြူစင်မေတ္တာ(ကိုယ်ပိုင်အထက်တန်းကျောင်း) ရှိ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

06 Nov 2024

     ၂၀၂၄ ခုနှစ်၊  နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင်   ထားဝယ်အထူးစီးပွားရေးဇုန် ၁၁/ ၂၀၂၄ လစဥ်အုပ်ချုပ်မှု အစည်းအဝေးအား Online Virtual စနစ်ဖြင့်  ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

06 Nov 2024

      ၂၀၂၄ ခုနှစ်၊ ‌နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက်( ၁၀:၀၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄) ပေပါကို ယာဥ်မောင်း ဦးမျိုးဇော်ဝင်း၊ ယာဉ်အမှတ် 7P-7112 ISUZU မော်တော်ယာဥ်နှင့် နံနက်(၁၁း၀၀)အချိန်တွင် ရေးလမ်းရှိ ရွှေမြင့်မိုရ်ယာဥ်ရပ်နားစခန်းသို့ Kaung Hlyan New Asia Co,Ltd<

06 Nov 2024

             ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၄)ရက်နေ့တွင် ပင်လုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

06 Nov 2024

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ကျိုင်းတုံတက္ကသိုလ်၊ ခေမရဌ်ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages