သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၅-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၇း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 8L-7001) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၃)ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန

စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျောင်းသား/ သူ (၂၂) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက့်ပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၇-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်ဈေးတာဝန်ခံရုံး၌ သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ မင်းတုန်းမြို့နယ်တာဝန်ခံသည် (၆-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းတုန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌ(ခေတ္တ)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ အရာထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအကြောင်းအရာများ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံသည် (၇-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကံမမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ အရာထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။
