သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လည် ၁၃:၃၀ အချိန်၊ ကော့သောင်းခရိုင် ကုန် သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးသည်ကော့သောင်း မြို့သို့ရောက်ရှိစဉ် တနင်္သာရီတိုင်းဒေသကြီးဆီအုန်းစိုက်ပျိူးထုတ်လုပ်သူများအသင်းအား ပြန် လည်ဖွဲ့စည်း သက်ဝင်လှုပ်ရှားနိုင်ရေးအတွက် ကော့သောင်းခရိုင် ဆီအုန်းကုမ္ပဏီများ၊ ကိုယ်တိုင် စိုက်ခြံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးတိုင်းဦးစီးမှူး ဦးစိုးဦးသည် ကော့သောင်းခရီုင်ဦးစီးမှူးရုံး၏ ရုံးအရှေ့မျက်နှာစာ၊ အမိုး ပြင်ဆင်ခြင်းအတွက် တင်ဒါအောင်မြင်သည့် ငွေတိုးစံကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တင်ဒါစည်းမျဉ်းစည်းကမ်းအတိုင်းဆောင်ရွက်ရန်နှင့် စာချူပ် ချူပ်ဆိုထားသည့် သတ်မှတ်ရက် အတိုင်း အချိန်မီ ပြီးစီးတင်ပြရန်နှင့် တည်ဆောက်ရေးလုပ်ငန်းအား လာရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရှိရပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်၊ ကုန်းတောင်းကျေးရွာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၅ခုနှစ် ၊ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက်(၁၀း၀၀) နာရီချိန်တွင် စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်ရမည်သင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာတပ်ဆင်ရေးအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါလ ၂၀ ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် စားသုံးသူရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ်ရှိ ဆီကြိတ်စက်များသို့ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကွင်းဆင်းအဖွဲ့အနေဖြင့် ဆီစက်များ၏ ဆီကြိတ်ခွဲထုတ်လုပ်မှု အပေါ် စက်စွမ်းအား၊ စက်လည်ပတ်မှုရှိ/ မရှိ၊ ကုန်ကြမ်းဝယ်ယူမှု၊ ကုန်ချောထုတ်လုပ်မှု၊ တင်ပို့ရောင်းချ မှုနှင့် ကြုံတ
