သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ (၁၉.၂.၂၀၂၅)ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် တိုင်းဦးစီးမှူး ဦးဝင်းထွန်း ဦးဆောင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြောင်းမြခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် Zoom ဖြင့်(၁၉.၂.၂၀၂၅)ရက်နေ့ မွန်းလွဲ (၂:၀၀) အချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် ခရိုင်ဦးစီးမှူးံဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများ မြို့နယ်တာဝန်ခံများသည် (၂၀.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူးဦးဆောင်ပြီး Thursday Talk ကိုပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ မြင့်ဌေးနှင့်ဝန်ထမ်းများသည် (၁၉.၂.၂၀၂၅)ရက်နေ့ ညနေ(၄:၀၀)အချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပေးပို့သောစားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 8I-8606) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၀)ပေပါ လပွတ္တာမြို့သို့ ရောက်ရှိလာခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ( ၂၁ ) ရက်နေ့၊ နေ့လယ်( ၁၂:၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း( ၂ )ဦးသည် လွိုင်ကော်မြို့၊ ရွှေကယားသောက်ရေသန့်စက်ရုံရှိ ဝန်ထမ်း စုစုပေါင်း( ၁၅ )ဦးကို စားသုံးသူအကာ အကွယ်ပေးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
