သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Mar 2025

၂၆.၂.၂၀၂၅ ရက်နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် အပိုင်း(၂)၊ မြောင်းတကာကျေးရွာ၊ မှော်ဘီ မြို့နယ်ရှိ မြတ်ရတနာ ရတနာရွှေထည်ဆိုင်အွန်လိုင်းဖြင့် ရောင်းချနေသော အွန်လိုင်းလုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် မှတ်ပုံတင်လျှောက်ထားရာ တွင် ဖော်ပြထားသော အချက်များနှင့်မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

06 Mar 2025

၂၆.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦး စီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် GEM Clothing အမည်ဖြင့် အွန်လိုင်းမှတ်ပုံတင် ထားသော အမှတ်(၁၀၉/က)၊ မြစ်ကြီးနားလမ်း၊ ဟားခါးပန်းခြံ၊ (၆/၁၁)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် ရှိ အဝတ်အထည်ရောင်းချနေသော အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

06 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၆.၂.၂၀၂၅ ရက် နေ့ နံနက်(၁၀:၃၀)အချိန်တွင် နန်းကလို့တင်းဘေးဘီဖက်ရှင်စတိုးအမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀၁၆)၊ မြဝတီပန်းခြံ၊ ဘုရင့် နောင်(၄)လမ်း၊ (၁၁)ရပ်ကွက်ရှိ အဝတ်အထည်များရောင်းချလျက်ရှိသည့် အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

06 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ၂၆.၂.၂၀၂၅ ရက်နေ့ နံနက်(၉:၄၀)အချိန်တွင် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက် ထားသည့် Thuzar M အမည်ဖြင့် အလှကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ သွားရောက်၍ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

06 Mar 2025

            စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၃.၃.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြံခင်းမြို့၊ သုခမိန်လမ်း၊ ရွာသစ်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင် ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages