သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၊ နေ့လည် (၁၄း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၂) တွင် တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေး ရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၊ နံနက် ၀၈း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာန၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ် ရှေ့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် စားအုန်းဆီ(၁) ပိဿာနှုန်းတို့အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံးခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၁၈.၃.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာထုတ်ယူသည့်နေရက်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်လျှက်ရှိရာ မကွေးမြို့နယ် တွင် စတုတ္ထအကြိမ် သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးခြင်းကို ပင်စင်လစာ စတင်ထုတ်ယူသည့် (၂၁.၃.၂၀၂၅)ရက်နေ့မှစတင်ပြီး လပိတ်ရက် အထိ ရုံးပိတ်ရက်မပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။<

ကယားပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူများလက်ဝယ်သို့ သက်သာသော နှုန်းထားနှင့် စားအုန်းဆီများ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီဖြန့်ဖြူး ရောင်းချလျက်ရှိ ကြောင်း၊ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားအုန်းဆီများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့် တင်ရောင်းချ ခြင်းရှိ/မရှိ၊ အချိန်အတွယ်ပြည့်မီမှုရှိ/မရှိကို ၂၀၂၅ ခုနှစ်၊ မတ်လ(၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ အရောင်းဆိုင်(၁၀) ဆိုင်သို့ကွင်းဆင်းကြပ်မတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခ