သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Apr 2024

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာရှိ    စားသုံးသူပြည်သူများသို့ အသိပညာဗဟုသုတတိုးတက်နားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၂.၄.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။

05 Apr 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် အိုးတန်းရပ်ကွက်၊ ပြည်လမ်းရှိ ရတနာ “Apex”စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီရောင်းချနေမှုအခြေအနေကို ကွင်းဆင်းခဲ့ပါသည်။

05 Apr 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး ဒုဦးစီးမှူး ဦးဆောင်အဖွဲ့သည် ၂.၄.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၅၀)အချိန်မှစ၍ လှိုင်သာယာအနောက်ပိုင်း မြို့နယ်ရှိ စားသုံးဆီလက်လီရောင်းချနေသော ခွဲတမ်းရ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပထမဦးစွာ (၇)ရပ်ကွက်အတွင်းရှိ ဦးမောင်လှ(ကုန်စုံဆိုင်)၊ ဦးတင်ရွှေ(ဆန်/ဆီရောင်းဝယ်ရေး)၊ (၁၃)ရပ်ကွက်ရှိ ပင်လုံဈေးမှ ကုန်စုံ ဆိုင်များ (၂၀)ရပ်ကွက်၊ (၂၀)ဈေးရှိ ကုန်စုံဆ

05 Apr 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိစသည့် အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

05 Apr 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် မြို့မဈေးအတွင်း စည်ပင်သာယာခန်းမတွင် (၂.၄.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မှော်ဘီမြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages